News

POST TYPE

RELAX

ခင်ပွန်းသည်နဲ့ အတူရှိနေဖို့ ရုန်းကန်နေရဟု မစ်ရှယ် ကီးဂန်းဆို
06-Sep-2016
ဘီဘီစီရဲ့ ဒရာမာ ဇာတ်လမ်းတွဲ Ordinary Lies နဲ့ နာမည်ကြီးလာခဲ့တဲ့ မင်းသမီး မစ်ရှယ် ကီးဂန်းက သူမရဲ့ များပြားလှတဲ့ ရိုက်ကူးမှုတွေကြောင့် ဒီနှစ်အတွင်းမှာ ခင်ပွန်းသည် မာ့ခ်ရိုက်နဲ့ အတူရှိနေဖို့ ရုန်းကန်နေခဲ့ရတယ်လို့ ဆိုလိုက်ပါတယ်။

ရုပ်သံတင်ဆက်သူလည်းဖြစ်၊ ရေဒီယို အစီအစဉ်တင်ဆက်သူ တစ်ယောက်လည်းဖြစ်တဲ့ မာ့ခ်ရိုက်နဲ့ ၂၀၁၅ မေလမှာ လက်ထပ်ခဲ့တဲ့ မစ်ရှယ်တို့ရဲ့ အိမ်ထောင်ရေးဟာ အေးစက်နေတယ်လို့ ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် မစ်ရှယ်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဘီဘီစီရဲ့ ဇာတ်လမ်းတွဲသစ်ဖြစ်တဲ့ Our Girl ဇာတ်လမ်းအတွက် တောင်အာဖရိကမှာ ရှစ်ပတ်ကြာ သွားရောက်နေထိုင်ခဲ့ရတဲ့ မစ်ရှယ်အတွက်တော့ လန်ဒန်မြို့ကို ပြန်ရောက်ချိန်မှာ အတင်းအဖျင်းတွေက စောင့်ကြိုနေခဲ့ကြပါတယ်။

“ကျွန်မတို့ နှစ်ယောက်ကြားက ဆက်ဆံရေးက အစစအရာရာ အဆင်ပြေပါတယ်။ ဒီနှစ်တွေအတွင်းမှာ ကျွန်မရော သူပါ နှစ်ယောက်စလုံး ကိုယ်စီအလုပ်တွေ များခဲ့ကြပြီး အတူရှိနေဖို့အတွက် ရုန်းကန်ခဲ့ရတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကြားနေရတဲ့ ကောလာဟလတွေလိုတော့ မဟုတ်ပါဘူး” လို့ မစ်ရှယ်က ဆိုပါတယ်။

Ref: TheSun