News

POST TYPE

RELAX

သဘောထား မတိုက်ဆိုင်သူတွေနဲ့ အလုပ်လုပ်တဲ့အခါ ရရှိမယ့် ကောင်းကျိုးတွေ
05-Sep-2016

ကုမ္ပဏီတွေ ရုံးလုပ်ငန်းတွေမှာ ခေါင်းဆောင်းပိုင်းနေရာ ရရှိထားသူတွေနဲ့ စွန့်ဦးတီထွင်သူတွေ အနေနဲ့ ကိုယ့်လုပ်ငန်းအကြောင်းနဲ့ ကိုယ့်ဝန်ထမ်းတွေအကြောင်း ကောင်းကောင်းသိထားကြမှာပါပဲ။

ဒီလိုနားလည်မှု ရှိထားပေမယ့် အများအားဖြင့် ခေါင်းဆောင်ရဲ့ သဘောကို အားလုံးက လိုက်လျောပြီး ကျန်သူတွေရဲ့ အကြံဥာဏ်ထွက်ပေါ်ခွင့် မရရှိတာမျိုးက မကြာခဏ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

သို့ပေမယ့်လည်း အတိုက်အခံ အချေအတင် ဖြစ်ရတာမျိုးက မလွဲမသွေ ရှိလာမှာ ဖြစ်သလို တကယ်တော့ ဒါတွေဟာ လုပ်ငန်းအတွက် အကျိုးတောင် ရှိပါသေးတယ်။

ဘယ်လိုအကျိုးရှိသလဲဆိုရင်

(၁) စိန်ခေါ်မှု ရှိနေပါလိမ့်မယ်။ ခေါင်းဆောင်အနေနဲ့ မိမိအယူအဆကိုပဲ လုပ်စေချင်တဲ့ ဆန္ဒမျိုး ရှိနေတဲ့အခါ ကျန်သူတွေဆီက မတူညီတဲ့ အယူအဆတွေကို ကြားရရင် ဒါဟာအမြတ်ပါပဲ။ သူတို့ ပြောတာကို အချိန်ပေး နားထောင်လိုက်ပါ။ မိမိရဲ့ အယူအဆနဲ့ မတူတဲ့ အကြံကောင်းတွေကို ခေါင်းဆောင်တစ်ယောက် အနေနဲ့ လက်ခံပြဖို့ ခက်ခဲပေမယ့် ဒါဟာ သင့်လုပ်ငန်းရဲ့ ပြိုင်ဖက်တွေနဲ့ ယှဉ်ရတဲ့အခါ သင့်အတွက် ပိုမိုလွယ်ကူလာမှာ ဖြစ်ပါတယ်။

(၂) သင့်ကို ဓမ္မဓိဋ္ဌာန်ကျကျ ပိုင်းခြားတွေးခေါ်တတ်သူ တစ်ယောက် ဖြစ်လာစေပါတယ်။ ကိစ္စရပ်တစ်ခုပေါ်မှာ ကွဲပြားခြားနားတဲ့ ရှုထောင့်တွေကို နှိုင်းယှဉ်စဉ်းစားပြီး အမှန်အတိုင်း ဝေဖန်ဆုံးဖြတ်နိုင်စွမ်း ရှိလာမှာ ဖြစ်ပါတယ်။ ဈေးကွက်ထဲ ရောက်တဲ့အခါ သင့်အနေနဲ့ ရှုထောင့်ပေါင်းစုံက တွေးပြီးသားဖြစ်လို့ သင့်ကုန်ပစ္စည်းတွေက တစ်ပန်းသာနေပါလိမ့်မယ်။

(၃) သူတစ်ပါးရဲ့ အယူအဆတွေကို လေးစားနိုင်စွမ်းလည်း ရှိလာပါလိမ့်မယ်။ စီမံကိန်းတစ်ခုအတွက် နေရာတစ်ခုအတွက် လူရွေးချယ်မှုတွေ ပြုလုပ်တဲ့အခါ သင်နဲ့အယူအဆ မတူသူတွေ သဘောထား မတိုက်ဆိုင်သူတွေကို ရွေးချယ်ခြင်းအားဖြင့် သင်ဟာ သင်နဲ့ မတူသူတွေကို လက်ခံနိုင်စွမ်းရှိတယ် ဆိုတာ ပြသနိုင်လိုက်တဲ့အတွက် အဖွဲ့အစည်းလိုက် လုပ်ဆောင်ချက်တွေမှာ အတိုက်အခံတွေ လျော့နည်းသွားပါလိမ့်မယ်။

(၄) သင့်ဆုံးဖြတ်ချက်တွေက ပိုမှန်ကန်ပြီး ပိုကောင်းလာပါလိမ့်မယ်။ သင့်အဖွဲ့အစည်းအတွင်းမှာ ကွဲပြားခြားနားသူတွေ ရှိနေတဲ့အတွက် သင့်ဟာ အမှန်ဆုံးနဲ့ အသင့်တော်ဆုံး တစ်ခုကို မဖြစ်မနေ ရွေးချယ်ပြီး ဆုံးဖြတ်ချက် ချပေးရတော့မှာပါ။ အဲဒီအခါ ရှုထောင့်ပေါင်းစုံရဲ့ အားသာချက် အားနည်းချက်တွေကို မဖြစ်မနေ နှိုင်းယှဉ်ဖို့ လိုလာမှာ ဖြစ်သလို စားသုံးသူရဲ့ အယူအဆကိုပါ ထည့်စဉ်းစားဖို့ လိုလာတော့မှာ ဖြစ်ပါတယ်။

Ref: Forbes