News

POST TYPE

RELAX

Facebook ပေါ်မှာ ဖတ်စရာ
03-Sep-2016
ကလေးဘဝတုန်းက စွဲလမ်းခဲ့ရတဲ့ ရွှေသွေးစာစောင်ထဲက ဘယ်ကျော်ကို အွန်လိုင်းပေါ်မှာ ပြန်ဖတ်ချင်ကြပါသလား။

ခက်ခက်ခဲခဲ ရှာစရာ မလိုပါဘူး။ Serch Box မှာ #ဘယ်ကျော်ဆိုတဲ့ နာမည်နဲ့ ရိုက်ရှာလိုက်ရုံနဲ့ တွေ့ရှိနိုင်ပါတယ်။

ရွှေသွေးစာစောင်မှာ ဖော်ပြထားခဲ့တဲ့ ဘယ်ကျော်ကာတွန်းတွေကို ပြန်လည်မျှဝေထားတဲ့ စာမျက်နှာပါ။

ဒီစာမျက်နှာမှာ လက်ရှိ ရွှေသွေးစာစောင်မှာ ပါဝင်တဲ့ ဘယ်ကျော်ကာတွန်းတွေကို သာမက ဟိုးအရင် ရွှေသွေးစာစောင်တွေမှာ ပါဝင်ခဲ့တဲ့ ကာတွန်းအဟောင်းတွေကိုလည်း တင်ပေးထားတာမို့ ငယ်ငယ်က စွဲလမ်းခဲ့ရတဲ့ ဘယ်ကျော်ကို ပြန်လည်ခံစားနိုင်မှာပါ။

ဘယ်ကျော်ကာတွန်းတွေတင ်မကဘဲ ဘယ်ကျော်ဖန်တီးရှင် ကာတွန်းဆရာ သူရရဲ့ တခြားကာတွန်းလက်ရာတွေပါ အနည်းအကျင်း ပါဝင်ပါသေးတယ်။

ကဲ... ဘယ်ကျော်ပရိသတ်တို့ရေ ဖုန်းထဲကို ငွေဖြည့်ပြီး https://www.facebook.com/begyawthura/ မှာ ဘယ်ကျော်ကာတွန်းလေးတွေ သွားဖတ်ကြရအောင်။