News

POST TYPE

RELAX

အိုလီမားစ် နိုဝင်ဘာလထဲမှာ အယ်လ်ဘမ်သစ် ထွက်မယ်
03-Sep-2016
Troublemaker သီချင်းနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ပေါ့ပ်အဆိုတော် အိုလီမားစ်က လာမယ့် နိုဝင်ဘာလထဲမှာ ထွက်ရှိလာမယ့် အယ်လ်ဘမ်သစ်ရဲ့ နာမည်ကို တွစ်တာကနေ မိတ်ဆက် လိုက်ပါတယ်။

အသက် ၃၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဗြိတိန် အဆိုတော်အတွက်တော့ (၅) ခုမြောက် အယ်လ်ဘမ် ဖြစ်လာခဲ့ပြီး သူ့ရဲ့ အယ်လ်ဘမ်သစ်ကို 24 hours လို့ နာမည ်ပေးထားခဲ့ပါတယ်။

X Factor အစီအစဉ်ကနေ လူသိများလာခဲ့တဲ့ အိုလီမားစ်ဟာ ၂၀၁၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Never Been Better ဟာ လူကြိုက်များတဲ့ အယ်လ်ဘမ် တစ်ခုဖြစ်ခဲ့ပြီး အဲဒီအယ်လ်ဘမ်ထဲက ခေါင်းစည်းသီချင်း ဗြိတိန်တေးသီချင်း ဇယားမှာ နံပတ် (၃) နေရာအထိ ရောက်ရှိသွားခဲ့ပါသေးတယ်။

အိုလီမားစ်ကတော့ သူ့ရဲ့သီချင်းတွေကို နံပတ် (၁) နေရာမှာပဲ အမြဲ ရှိစေချင်တယ်လို့ ထုတ်ဖော် ဝန်ခံသွားခဲ့ပြီး ဗြိတိန် အဆိုတော်တွေ အတွက်တော့ အဲဒီလို နံပတ် (၁) နေရာကို ရယူနိုင်ဖို့ဆိုတာ ခက်ခဲတဲ့ အခြေအနေ တစ်ခုပါပဲလို့ ဆိုပါတယ်။

Ref : Femalefirst.uk


  • VIA