News

POST TYPE

RELAX

ဒုတိယမြောက် မင်္ဂလာပွဲအတွက် ပြင်ဆင်နေပြီဆိုတဲ့ ကိတ်မော့စ်
02-Sep-2016
ဗြိတိန်ရဲ့ နာမည်ကြီး စူပါမော်ဒယ် ကိတ်မော့စ်ကတော့ သူမအတွက် ဒုတိယမြောက် မင်္ဂလာပွဲကို ဆင်နွှဲဖို့ အစီအစဉ်တွေ ပြုလုပ်နေပါပြီ။

ဂရိနိုင်ငံရဲ့ မင်းမျိုးမင်းနွယ်တစ်ဦးဖြစ်တဲ့ ဗွန် ဗစ်မာ့ခ်နဲ့ မင်္ဂလာပွဲ ဆင်နွှဲဖို့ ပြင်ဆင်နေတဲ့ အသက် (၄၂) နှစ်အရွယ် စူပါမော်ဒယ်ဟာ သူမရဲ့ ခင်ပွန်းဟောင်းနဲ့ ကွာရှင်းမှုတွေကို အပြီးသတ် လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။

ကိတ်မော့စ်နဲ့ သူမရဲ့ လက်ရှိခင်ပွန်းဖြစ်တဲ့ ရော့ခ်စတား ဂျမီ ဟင့်စ်တို့ဟာ ကွာရှင်းပြတ်စဲမှု ပြုလုပ်ဖို့ စီစဉ်နေကြပြီး ပိုင်ဆိုင်မှုတွေ ခွဲဝေဖို့အတွက်သာ ကျန်နေတော့တဲ့ အနေအထားပါ။

ကွာရှင်းမှု မပြီးပြတ်သေးခင်မှာ ဒုတိယမြောက် မင်္ဂလာပွဲအတွက် စဉ်းစားနေပြီလို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ကိတ်မော့စ်အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပေမယ့်လည်း မင်္ဂလာပွဲဟာ အမြန်ဆုံး ဖြစ်လာနိုင်ဖွယ် ရှိတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

The Sun သတင်းစာရဲ့ အဆိုအရ ကိတ်မော့စ်နဲ့ ဗစ်မာ့ခ်တို့ဟာ ဂရိမှာ ဇာတ်လမ်းတွေ ဖြစ်ခဲ့ကြပြီး လအနည်းငယ် တွေ့ဆုံခဲ့ကြပြီးနောက် လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Ref: TheSun