News

POST TYPE

RELAX

မျက်နှာပြင် အရွယ်အစား ကျယ်ပြန့်တဲ့ GSM နှစ်ကတ်သုံး Xiaomi Mi Max
12-Jul-2016
ပြည်တွင်းဈေးကွက်ထဲကို ဝင်ရောက်လာတဲ့ စမတ်ဖုန်းသစ်တွေကို အပတ်စဉ် ဖော်ပြလာတဲ့အတိုင်း ဒီတစ်ပတ်မှာတော့ အချိန်တိုအတွင်း ဈေးကွက်အောင်မြင်မှု ရရှိနိုင်ခဲ့တဲ့ Xiaomi ရဲ့ မျက်နှာပြင် အရွယ်အစား ကျယ်ပြန်တဲ့ ဖုန်းတစ်လုံးကို ဖော်ပြပေးဖို့ ရွေးချယ်ထားပါတယ်။

ဒီ Xiaomi Mi Max စမတ်ဖုန်းက ပြည်တွင်းဈေးကွက်ကို ဘယ်လို အရည်အသွေးတွေနဲ့ ဈေးကွက်ထိုးဖောက် သွားမလဲဆိုတာ ဖုန်းမှာပါတဲ့ အသေးစိတ် အချက်အလက်တွေကို လေ့လာကြည့်ရအောင်။

မျက်နှာပြင်အရွယ်အစားနဲ့ အရည်အသွေး

မျက်နှာပြင် အရွယ်အစားက ၆ ဒသမ ၄၄ လက်မအထိ ကျယ်ပြန့်ပါတယ်။ အင်တာနက် အသုံးပြုတာနဲ့ စာဖတ်တာတွေအတွက် တကယ့်ကို အဆင်ပြေစေမယ့် အရွယ်အစား ဖြစ်ပါတယ်။ အရွယ်အစား ကြီးကြီးမားမားကို သဘောကျရင်တော့ အံကိုက်ပါ။ မျက်နှာပြင်အရည်အသွေး 1080 x 1920 pixels ရှိပါတယ်။ ပုံရိပ်သိပ်သည်းဆက 342 ppi ရှိတဲ့အတွက် နေရောက်အောက်မှာ မမြင်ရတာမျိုး မဖြစ်နိုင်တော့ပါဘူး။ IPS LCD capacitive touchscreen ကို အသုံးပြုထားပါတယ်။

ကင်မရာအရည်အသွေး

ကင်မရာ အရည်အသွေးက 16 MP ရှိပါတယ်။ ရှေ့ကင်မရာက 5 MP ရှိပါတယ်။ phase detection autofocus, dual-LED (dual tone) flash စတဲ့ ကင်မရာ စွမ်းဆောင်ရည်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် Geo-tagging, touch focus, face detection, panorama, HDR စတဲ့ စွမ်းဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ အရည်အသွေးမြင့် ဗီဒီယိုတွေလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဘက်ထရီအရည်အသွေး

ဘက်ထရီက Li-po 4850 mAh ဘက်ထရီကို ထည့်သွင်း တပ်ဆင်ထားပါတယ်။ ဘက်ထရီကို ဖြုတ်လို့ ရမှာတော့ မဟုတ်ပါဘူး။ တစ်နေ့စာ အသုံးပြုမှုအတွက် လုံလောက်ရုံထက် ပိုပါတယ်။ ဘက်ထရီ အရည်အသွေးလည်း စိတ်တိုင်းကျစရာပါပဲ။

အခြားစွမ်းဆောင်ရည်များ

Android ဗားရှင်း 6.0.1 (Marshmallow) ကို အသုံးပြုထားပါတယ်။ 1.8 GHz Hexa Core CPU ကို ထည့်သွင်း ပေးထားပါတယ်။ ဖုန်းအတွင်း သိုမှီးနိုင်မှုက 16 GB ဖြစ်ပြီး RAM က 2 GB ဖြစ်ပါတယ်။ ဖုန်းအတွင်း သိုမှီးနိုင်မှုကို 32 GB အထိ မြှင့်တင် အသုံးပြုနိုင်ပါတယ်။ GSM ဆင်းမ်ကတ် နှစ်ကတ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 4G ကွန်ရက်ကို အထောက်အပံ့ ပေးပါတယ်။လုံခြုံရေးစနစ် အနေနဲ့ လက်ဗွေလုံခြုံမှု စနစ်ကိုလည်း ထည့်သွင်း ပေးထားပါတယ်။ အခြား အာရုံခံစနစ်တွေအဖြစ် accelerometer, gyro, proximity, compass စတာတွေ ထည့်သွင်း ပေးထားပါတယ်။

ဒီစမတ်ဖုန်းကို တန်ဖိုး ကျပ် ၂၂ဝ,ဝဝဝ ကျပ် သတ်မှတ်ထားပါတယ်။ ဈေးနှုန်း အသင့်အတင့်နဲ့ အရွယ်အစား ကြီးကြီး၊ အရည်အသွေး ကောင်းမွန်တဲ့ စမတ်ဖုန်း တစ်လုံးကို ရှာဖွေနေတယ် ဆိုရင်တော့ Xiaomi ရဲ့ Mi Max က ရွေးချယ်သင့်တဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်တဲ့အတွက် ရွေးချယ်ဖော်ပြ ပေးလိုက်ပါတယ်။


  • VIA