News

POST TYPE

RELAX

တောင်ကိုရီးယား မိသားစုတွေ ကလေး ယူကြဖို့ အစိုးရ လှုံ့ဆော် စည်းရုံး
29-Aug-2016
ကလေး များများ မွေးကြပါစေကြောင်း တောင်ကိုရီးယား အစိုးရဟာ အစီအစဉ်တွေကို ချပြ စည်းရုံး နေပါပြီ။ တောင်ကိုရီးယားဟာ ကလေး မွေးဖွားမှုနှုန်း ကျဆင်းနေတဲ့ နိုင်ငံဖြစ်တာကြောင့် အစိုးရက အဆိုပါ အစီအစဉ်တွေကို လုပ်ဆောင်ရတာ ဖြစ်ပါတယ်။

ကလေးရယူတဲ့ စုံတွဲတွေဟာ ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေး စောင့်ရှောက်မှု ကို အခမဲ့ ရရှိမှာဖြစ်တယ်လို့ အစိုးရက မက်လုံးတွေလည်း ပေးထားပါတယ်။

ယခုအချိန်မှာ အစိုးရက အကူအညီ ပေးမှုကို ဝင်ငွေနည်း မိသားစုတွေကိုသာ ပေးထားပြီးတော့ နောက်ပိုင်းမှာ မည်သူကိုမဆို ပေးရမှာ ဖြစ်ပါတယ်။

ခုတော့ လူတိုင်းဟာ အမေရိကန် ဒေါ်လာ ၉ဝဝ လောက် ကုန်ကျနိုင်မယ့် ကိုယ်ဝန်ဆောင် ကျန်းမာရေး စောင့်ရှောက်မှုကို ရရှိကြမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားရဲ့ ကလေး မွေးဖွားမှုနှုန်းဟာ ၁၉၆ဝ ခုနှစ်တွေကတည်းက ကျဆင်းလာတာ ဖြစ်ပါတယ်။

အစိုးရက ဘီလီယီ ဒေါ်လာပေါင်း များစွာ သုံးစွဲခဲ့ပေမယ့် အနည်းငယ်သာ တိုးတက်မှု ရှိခဲ့ပါတယ်။ ကိုရီးယားတွေ အချစ် တအားမျှပြီး တစ်နှစ်တစ်သား ကျစေဖို့ ဖြစ်နိုင်သမျှ နည်းတွေ အကုန် သုံးသွားမယ်လို့ ကျန်းမာရေးဝန်ကြီး ချန်ချင်ယွတ်က ပြောကြားထားပါတယ်။

ကိုယ်ဝန်ဆောင် ခွင့်ရက်ရှည် ရရှိဖို့၊ ဒုတိယ ကလေး ရရှိရင်ဖြင့် ဖခင်ကိုပါ လစာမဲ့ မဟုတ်တဲ့ ဖခင်ခွင့် ပေးဖို့ စတဲ့ အစီအစဉ်တွေလည်း ထပ်လာဖို့ ရှိသေးပါတယ်။

ဒါကြောင့် “မွေးရမှာ ပြည်သူ့အလုပ်၊ ကူညီရမှာ အစိုးရအလုပ်”ဆိုတဲ့ မူဝါဒနဲ့ ကိုရီးယားကတော့ ချီတက်နေပါပြီ။


  • VIA