News

POST TYPE

RELAX

ရီဟားနားကို အသက် ၂၂ အရွယ်ကတည်းက ကြိုက်ခဲ့ရတာလို့ ဒရိတ် ဖွင့်ဟ
29-Aug-2016

Michael Jackson Video Vanguard Award ဆုကို ဆွတ်ခူးရရှိသွားခဲ့တဲ့ ရီဟားနား အတွက်ကတော့ အဲဒီပွဲမှာ သူမရဲ့ ချစ်သူ ဒရိတ်ခ်ကြောင့် ပိုပြီး ပျော်စရာ ဖြစ်ခဲ့ရပါတယ်။

နာမည်ကြီး ရက်ပ်အဆိုတော် တစ်ယောက်အဖြစ် ရပ်တည်နေပြီး အောင်မြင်မှုတွေ ရရှိနေဆဲဖြစ်တဲ့ ဒရိတ်ခ်က ရီဟားနား ဆုယူတဲ့ စင်မြင့်ပေါ်မှာ သူ့အနေနဲ့ ရီဟားနားကို အသက် ၂၂ နှစ် အရွယ်ကတည်းက ကြိုက်ခဲ့ရတာ ဖြစ်တယ်လို့ ဝန်ခံလိုက်ပြီး အနမ်းတစ်ပွင့်နဲ့ ဂုဏ်ပြုလိုက်ပါတယ်။

လက်ရှိမှာ အသက် ၂၉ နှစ်ရှိပြီ ဖြစ်တဲ့ ဒရိတ်ခ်က လွန်ခဲ့တဲ့ (၇) နှစ်အကြာ ကတည်းက ရီဟားနားဟာ သူ့ရဲ့စိတ်ထဲမှာ ရှိနေတာ ဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ တရားဝင် ချစ်သူဘဝကို လူသိရှင်ကြား ပိုဖြစ်စေခဲ့တာပါ။

2016 MTV Video Music Award ဆုပေးပွဲမှာ ဒရိတ်ခ်ရဲ့ Hotline Bling က အကောင်းဆုံး ဟစ်ဟော့ပ်ဗီဒီယို အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

Ref: Dailymail