News

POST TYPE

RELAX

ဇွန်ဘီပုံစံ လမ်းလျှောက်ပွဲ လူရာပေါင်းများစွာ ဆင်ယင်နွှဲ
11-Oct-2017 tagged as

အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်မှာ ပြုလုပ်တဲ့ ဇွန်ဘီပုံစံ ဝတ်စားပြင်ဆင်သူများ လမ်းလျှောက်ပွဲကို လူရာပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ နယူးဂျာစီပြည်နယ် အက်စ်ဘူရီပန်းခြံမှာ အဆိုပါ လမ်းလျှောက်ချီတက်ပွဲကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒစ္စနေမင်းသမီးများ၊ သူနာပြုဝတ်စုံများစတဲ့ ဒီဇိုင်း ပေါင်းစုံနဲ့ လမ်းလျှောက်လူသေများပုံစံ လျှောက်လှမ်းချီတက်ကြတာ ဖြစ်ပါတယ်။ ပွဲမှာ လမ်းလျှောက်ခဲ့ကြသူတွေထဲမှာ ဒေါ်နယ်ထရမ့်ပုံစံ ဆင်မြန်းထားတဲ့ ဇွန်ဘီ သမ္မတကြီးလည်း ပါဝင်ပါတယ်။ ဇွန်ဘီ အများဆုံး ချီတက်လမ်းလျှောက်ကြတဲ့ ပွဲပါလို့ ပွဲစီစဉ်သူတွေက ပြောကြားထားကြပါတယ်။ အကြမ်းဖက်မှုတွေ မကြာခဏ ဖြစ်ခဲ့ဖူးတာမို့ ဇွန်ဘီတွေရဲ့ လုံခြုံရေးအတွက် ရဲအစောင့်အကြပ် များစွာ ပါဝင်ခဲ့ကြပါတယ်။

F-02

  • TAGS