News

POST TYPE

RELAX

နှစ်ငါးဆယ်သက်တမ်းရှိ စည်သွပ်ဘူးကို ပရဟိတအဖွဲ့ကို လာလှူသွားသတဲ့
09-Oct-2017 tagged as

ရာစုနှစ်ဝက် သက်တမ်းလောက် ရှိနေပြီဖြစ်တဲ့ စွပ်ပြုတ်စည်သွတ်ဘူး တစ်ဘူးက လာလှူထားတဲ့ အစားအသောက်တွေထဲ ပါလာတာမို့ ဝေလနယ်က စားနပ်ရိက္ခာဘဏ် တစ်ခုက ထိတ်လန့်သွားခဲ့ပါတယ်။ စားနပ်ရိက္ခာဘဏ်ဆိုတာ မရှိဆင်းရဲသားတွေကို ရိက္ခာပြန်လည် ဖြန့်ဖြူးပေးတဲ့ ပရဟိတအဖွဲ့ဖြစ်ပါတယ်။ ကာဒစ်ဖ် စားနပ်ရိက္ခာဘဏ်ဟာ အဆိုပါ ရှေးဟောင်းပစ္စည်း စည်သွပ်ဘူးကို ဓာတ်ပုံရိုက်ကာ သူတို့ Facebook စာမျက်နှာမှာ တင်ထားပေးလိုက်ပါတယ်။ ဗြိတိန်နိုင်ငံ Heinz ကုမ္ပဏီထုတ် စားသောက်ကုန်ဖြစ်ပြီး ထိုစည်သွပ်ဘူးမျိုးတွေကို မထုတ်တော့တာ ဆယ်စုနှစ်များစွာ ကြာသွားပြီဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

“ဒီစွပ်ပြုတ်ဘူးကို လွန်ခဲ့တဲ့ ၃၅ နှစ်ကတည်းက မထုတ်တော့ပါဘူး”လို့ ကုမ္ပဏီက ပြောကြားထားပါတယ်။

ဘယ်သူဘယ်ဝါက လှူသွားတယ် ဆိုတာကို စားနပ်ရိက္ခာဘဏ်က ထုတ်ပြန်မထားပါဘူး။ စားဖို့မသင့်တဲ့ အစားအသောက် ဖြစ်နေပြီဆိုတာတော့ သေချာပြီလေ။

F-02

  • TAGS