News

POST TYPE

RELAX

တစ်ကိုယ်တော်စီးရီးသစ် Vitamin D ယခုနှစ်အတွင်း ထွက်ရှိမယ်ဆိုတဲ့ သိန်းလင်းစိုး
27-Aug-2016
ရန်ကုန်၊ သြဂုတ်၂၇

တေးသံရှင်သိန်းလင်းစိုးက Vitamin D လို့ အမည်ရတဲ့ တစ်ကိုယ်တော် စီးရီးသစ်ကို ယခုနှစ်အတွင်း ထွက်ရှိနိုင်ဖို့အတွက် ကြိုးစားနေကြောင်း The Voice ကို ပြောကြားပါတယ်။

“ကျွန်တော်က ဒီကြားထဲမှာ ကားရိုက်တွေဘက်ကို အချိန် ပေးလိုက်တဲ့အတွက် စီးရီးသစ် မထွက်ဖြစ်တာ ၂ နှစ်လောက် ရှိသွားပြီပေါ့။ အခုတော့ ဗီတာမင်ဒီ လို့ အမည်ပေးထားတဲ့ ကျွန်တော်ရဲ့ ဒုတိယ တစ်ကိုယ်တော်ခွေကို စက်တင်ဘာ လကုန် ဒါမှမဟုတ်ရင် အောက်တိုဘာလထဲမှာ ထွက်ဖို့ မှန်းထားပါတယ်”လို့ ယင်းစီးရီးနဲ့ ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

ယင်းစီးရီးမှာတော့ ကိုယ်တိုင ်ဖန်တီးပြချင်တဲ့ သီချင်းပုံစံ အသစ်တွေနဲ့ ပရိသတ်တွေ နားထောင်ချင်တဲ့ သီချင်းပုံစံတွေကို မျှထည့်ထားပြီး၊ Featuring အနေနဲ့ကတော့ တေးသံရှင် ရဲလေး၊ ဘန်နီဖြိုး၊ ကိကိနဲ့ ဝိုင်းစုခိုင်သိန်းတို့က ပါဝင် သီဆို ပေးထားကြောင်း တေးသံရှင် သိန်းလင်းစိုးက ပြောကြားပါတယ်။

''ကျွန်တော်က ကားရိုက်ဘက်မှာ အချိန် ပိုပေးဖြစ်လိုက်တော့ ဂီတဘက်မှာ နည်းနည်း အားလျော့သွားတယ်။ အခုတော့ ဂီတဘက်ကို သေချာ အချိန်ပေးပြီး ကျွန်တော် ပြန်လုပ်နေပါပြီ။ ပရိသတ်တွေလည်း ကျွန်တော့်ရဲ့သီချင်းအသစ်တွေကို မကြာခင် တဝကြီး နားထောင်ကြရတော့မှာပါ”လို့ ၎င်းက ဆိုပါတယ်။

လတ်တလော အနုပညာ လှုပ်ရှားမှု အနေနဲ့ကတော့ ဒါရိုက်တာ သားညီ ရိုက်ကူးတဲ့ Charm ရုပ်သံဇာတ်လမ်းတွဲ Season 2 မှာ ပါဝင်သရုပ်ဆောင်နေပြီး၊ စက်တင်ဘာလ ၉ ရက်နေ့မှာတော့ Bo Bo Entertainment က စီစဉ်တဲ့ ခေတ်သစ် ဧကရီ အနုပညာ ကပွဲမှာ မင်းသားအနေနဲ့ ပါဝင် ကပြဖို့ရှိကြောင်း သိန်းလင်းစိုးက ပြောကြားပါတယ်။


  • VIA