News

POST TYPE

RELAX

Facebook ပေါ်မှာ ဖတ်စရာ
27-Aug-2016
ဆိုင်တစ်ဆိုင်ကို ဝင်စားပြီး အဆင်မပြေခဲ့လို့ မကျေမနပ်နဲ့ ပြန်ထွက်လာရတာမျိုး လူတိုင်း ကြုံးဖူးကြပါလိမ့်မယ်။ ခက်တာက ကိုယ်တွေကလည်း ဆိုင်တိုင်းစေ့လိုက်ပြီး ကောင်းမကောင်း မစုံစမ်းနိုင်ဘူးလေ။ ဒါနဲ့ပဲ စားသောက်ဆိုင် အညွန်းတွေဟာ အစားမင်သူတွေအတွက် အရေးပါတဲ့ ကဏ္ဍတစ်ခု ဖြစ်လာရပါတော့တယ်။

ဒီလိုစားသောက်ဆိုင် အညွှန်းတွေ အများကြီးရှိတဲ့ အထဲကမှ #GoWithMe ဆိုတဲ့ ဖေစ့်ဘွတ်စာမျက်နှာလေး တစ်ခု အကြောင်း ပြောပြချင်ပါတယ်။

ဒီစာမျက်နှာက စားသောက်ဆိုင်တွေအကြောင်း၊ အစားအစာတွေအကြောင်း၊ ဆိုင်ရဲ့ ဝန်ဆောင်မှုတွေအကြောင်း ပြည့်ပြည့်စုံစုံ ရေးသားထားတဲ့ ဖေစ့်ဘွတ်စာမျက်နှာတစ်ခု ဖြစ်ပါတယ်။

Go With Me မှာ ခမ်းခမ်းနားနား ဆိုင်ကြီးဆိုင်ကောင်းတွေသာမက လမ်းဘေးဆိုင်တွေထဲက အရသာကောင်းတဲ့ ဆိုင်လေးတွေကိုလည်း အညွှန်းရေးသားလေ့လည်း ရှိပါတယ်။ အဲ့ဒီလို ဆိုင်တွေအကြောင်း အညွှန်းရေးပြီးမှ ဆိုင်ရဲ့ ဝန်ဆောင်မှု၊ အရသာတွေက မကောင်းတော့ဘူးလို့ ခံစားမိရင် ရေးပြီးသား အညွှန်းကို ပြန်ဖြုတ်တယ်လို့လည်း ဆိုထားပါတယ်။

အစားအသောက်ဆိုင်တွေ တင်မက ဝန်ဆောင်မှုကောင်းတဲ့ မျက်နှာ၊ ခြေသည်းလက်သည်း အလှပြင်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ဈေးနှုန်းသင့်တင့်တဲ့ အဝတ်အစား အမှတ်တံဆိပ်တွေကိုလည်း အညွှန်းအနေနဲ့ ပြည့်ပြည်စုံစုံ ရေးသားထားတာမို့ စိတ်ဝင်စားတဲ့သူတွေ အတွက် ဒီအညွှန်းတွေဖတ်ပြီး သွားရောက်နိုင်ကြမှာပါ။ 
တကယ်လို့ ကိုယ့်ဆိုင်အကြောင်း အညွှန်းရေးပေးစေချင်တယ် ဆိုရင်လည်း Go With Me ကို ဖိတ်လို့ရပါသေးတယ်။ ဖိတ်မယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ အချက်တွေကိုတော့ လက်ခံရမှာပါ။
ကဲ ..... အိတ်ထဲ ပိုက်ဆံဘယ်လောက် ကျန်သေးလဲ ရေကြည့်။ ပြီးရင် https://www.facebook.com/gowithme.mm/ မှာ သွားရည်ယိုစရာ အညွှန်းတွေကို သွားဖတ်ကြဦးစို့။