News

POST TYPE

RELAX

ကမ္ဘာ့စိတ်ပျက်စရာ အကောင်းဆုံးမြို့ ကိုးမြို့
27-Aug-2016

ကမ္ဘာ့နေချင်စဖွယ် အကောင်းဆုံးမြို့ကြီး (၉) မြို့ ကို ဖော်ပြပြီးတဲ့နောက် အခုတစ်ခါ ကမ္ဘာ့စိတ်ပျက်စရာ အကောင်းဆုံ မြို့ကြီး (၉) မြို့ကို ဖော်ပြမှာ ဖြစ်ပါတယ်။ ဒီစာရင်းကလည်း ဈေးကွက်သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Economist Intelligence Unit ရဲ့ ထုတ်ပြန်ချက်က ရယူထားဖြစ်ပြီး ဒီ (၉) မြို့ကတော့ မြို့ကြီး ၁၄၀ မှာ အောက်ဆုံးက (၉) ခုဖြစ်ပါတယ်။

(၉) ဒိုအာလ၊ ကင်မရွန်း

အာဖရိကတိုက်က မြို့ကြီးတစ်မြို့ ဖြစ်နေတာကြောင့် အဆိုးဆုံးစာရင်းမှာ ပါနေတာ မထူးဆန်းလှဘူးလို့ ယူဆလို့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ အခြေခံအဆောက်အအုံနဲ့ လူနေမှုဓလေ့နဲ့ ပတ်ဝန်းကျင်တို့မှာ အမှတ်အတော်နည်းခဲ့ပေမယ့် တည်ငြိမ်မှု အမှတ်မြင့်တာကြောင့် ပိုဆိုးမယ့်အဆင့်က လွတ်ကင်းခဲ့ပါတယ်။

(၈) ဟာရာရီ၊ ဇင်ဘာဘွေ

နိုင်ငံ ၁၄၀ မှာ ကျန်းမာရေး စောင့်ရှောက်မှုရမှတ် အနည်းဆုံး ဖြစ်သလို အခြေခံအဆောက်အအုံထဲမှာလည်း အနိမ့်ဆုံး ရမှတ်တွေထဲ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ သက်ဝင်လှုပ်ရှားပြီး နေပျော်တဲ့ ပတ်ဝန်းကျင် ရှိတာကြောင့် အဆိုးဆုံး အဆင့်ကနေ လွတ်ခဲ့ပါတယ်။

(၆) ကာရာချီ၊ ပါကစ္စတန်

နံပါတ်ခုနစ် မရှိဘဲ ခြောက်နေရာကို အမှတ်တူနှစ်မြို့ ရထားပါတယ်။ ဒီမြို့ဟာ တည်ငြိမ်မှုနဲ့ လူနေမှုဓလေ့နဲ့ ပတ်ဝန်းကျင်မှာ အမှတ်အနိမ့်ဆုံး ရထားပေမယ့် ပညာရေးမှာ သိပ်မဆိုးလှတာကြောင့် အမှတ်နည်းနည်း တက်ခဲ့ပါတယ်။

(၆) အယ်လ်ဂျီးယားစ်၊ အယ်လ်ဂျီးရီးယား

တည်ငြိမ်မှု၊ အခြေခံအဆောက်အအုံ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးတွေ အပါအဝင် ကဏ္ဍအားလုံးမှာ ၅၀ အောက် ပျမ်းမျှ ၄၀.၉ ရပြီး ကာရာချီနဲ့ နံပါတ်တူ ချိတ်နေပါတယ်။

(၅) ပို့တ်မိုရက်စ်ဘီ၊ ပါပူအာ နယူးဂီနီယာ

ဒီမြို့မှာ နိုင်ငံရေးနဲ့ လူမှုရေး မငြိမ်သက်မှုတွေ ဖြစ်ပွားနေတာကြောင့် ၃၀ အောက်သာရပြီး တော်တော်လေး အမှတ်နည်းပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုမှာလည်း ကမ္ဘာ့အဆိုးဆုံးထဲ ပါဝင်နေပါတယ်။

(၄) ဒါကာ၊ ဘင်္ဂလားဒေရှ့်

ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှု အန္တရာယ်တွေကြောင့် ဒီမြို့ဟာ အမှတ်တော်တော် ကျသွားခဲ့တယ်လို့ အီးအိုင်ယူက ဆိုထားပြီး အခြေခံအဆောက်အအုံမှာလည်း အမှတ်အနည်းဆုံး ဖြစ်ပါတယ်။

(၃) လာဂို့စ်၊ နိုက်ဂျီးရီးယား

တည်ငြိမ်မှုမှာ အမှတ်အနည်းဆုံးမြို့ ဖြစ်ပြီး ၁၀ သာရခဲ့ပါတယ်။ နိုက်ဂျီးရီးယားက အကြီးဆုံးမြို့ ဖြစ်တဲ့ ဒီမြို့ဟာ ဘိုကိုဟာရမ်လို အကြမ်းဖက်အဖွဲ့တွေရဲ့ ရန်ကြောင့် တည်ငြိမ်မှုမှာ အဟန့်အတား ဖြစ်နေတယ်လို့ အီးအိုင်ယူက ဆိုပါတယ်။

(၂) ထရီပိုလီ၊ လစ်ဗျား

အိုင်အက်စ်ရဲ့ ခြိမ်းခြောက်မှုခံနေရတဲ့အတွက် နေပျော်တဲ့မြို့ အဖြစ်ကနေ အမှတ်ထိုးကျသွားခဲ့တယ်လို့ အီးအိုင်ယူက ဆိုပါတယ်။

(၁) ဒါမက်စကပ်စ်၊ ဆီးရီးယား

အဆိုးဆုံးမြို့ ဖြစ်ပါတယ်။ ဒီမြို့ဟာ လွန်ခဲ့တဲ့ နှစ်အတန်ကြာက တည်ငြိမ်ခဲ့ဖူးပေမယ့် လက်ရှိမှာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။ ဒီပဋိပက္ခတွေကြောင့် အမှတ်အနည်းဆုံး ရခဲ့တယ်လို့ အီးအိုင်ယူက ဆိုပါတယ်။

Ref: uk.businessinsider.com