News

POST TYPE

RELAX

အဝေးပြေးကား (သို့) လေယာဉ်စီးစဉ် ဒါတွေ သတိပြုစေချင်
27-Aug-2016
(၁) ခရီးသည်ထိုင်ခုံ အပေါ်က အကန့်တွေမှာ ပစ္စည်းထည့်တဲ့အခါ နှစ်ယောက်တစ်ကန့်စီ ကန့်ထားတတ်တဲ့အတွက် နောက်လူထည့်ဖို့ နေရာတစ်ဝက် ကျန်နေအောင် သတိပြုပါ။ အလျားလိုက်ထားထာထက် ကန့်လန့်ထားတာက နေရာပိုကျန်စေပါတယ်။

(၂) မနိုင်မနင်း သယ်ပိုးနေရတဲ့ ခရီးဖော်ကို ကိုယ်တတ်နိုင်သလောက် ကူညီပေးတာဟာ ကိုယ်ဟာ ကြင်နာတတ်ကြောင်း ပြသတာပါပဲ။ ဒါက မဖြစ်မနေ သတိပြုရမယ့် အချက်တော့ မဟုတ်ပါဘူး။

(၃) အဝေးပြေး ကားကုမ္ပဏီတွေနဲ့ လေယာဉ်ကုမ္ပဏီတွေက တစ်ခါတစ်လေမှာ နေရာလဲ မပေးတတ်တဲ့အတွက် သင့်အတွက် မနစ်နာဘူးဆိုရင် ခရီးအတူ ထွက်လာတဲ့ မိသားစုတွေ အတူတကွ ထိုင်နိုင်အောင် နေရာလဲပေးလိုက်ပါ။ သင့်ရဲ့ ကြင်နာမှုကို သူတို့အမြဲ အမှတ်ရနေပါလိမ့်မယ်။

(၄) ကိုယ့်ထိုင်ခုံနဲ့ ကိုယ်ရရှိတဲ့ နေရာအကန့်ကို မကျော်မိအောင် သတိထားနေထိုင်ပါ။ လက်တွေ ခြေထောက်တွေကို တခြားသူဘက် ကျော်ပြီး မရောက်ပါစေနဲ့။

(၅) သင်ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကိုလည်း သတိနဲ့ ထားသိုကိုင်တွယ်ပါ။ အတက်အဆင်း အထုတ်သယ်တဲ့အခါ ခရီးဖော်တွေကို တွန်းတိုက်မိတာမျိုး မဖြစ်အောင် သတိပြုပါ။ ခရီးစဉ်တစ်လျှောက် သင်လိုအပ်မယ့် ပစ္စည်းတွေကို ကိုယ့်အနား တစ်ပါးတည်း ယူထားနိုင်ရင် အကောင်းဆုံးပါပဲ။ သင်က အတွင်းဘက် ထိုင်ခုံမှာဆိုရင် အပေါ်အံက ပစ္စည်းကို ထလိုက်ထိုင်လိုက်နဲ့ ထုတ်နေတာဟာ ဘေးလူအတွက် သိပ်အဆင်မပြေလှပါဘူး။

(၆) စကားစမြည် ပြောဆိုရတာ သဘောကျတဲ့ ခရီးသွားတွေ ရှိသလို သီးသန့်နေလိုတဲ့ ခရီးသွားတွေလည်း ရှိပါတယ်။ သင်စကားပြောမယ်ဆိုရင် တစ်ဖက်လူရဲ့ မျက်နှာအမူအရာကို အကဲခတ်ပါ။ သင့်မျက်လုံးအကြည့်ကို လွှဲလွှဲနေမယ်ဆိုရင် ဆက်မပြောပါနဲ့တော့။ အချင်းချင်း စကားပြောကြတဲ့ အခါမှာလည်း အသံကိုနှိမ့်ပြီး ပြောပါ။ ကျယ်ကျယ်လောင်လောင် ပြောဆိုတာဟာ ကျန်လူတွေကို အနှောက်အယှက် ဖြစ်စေပါတယ်။

(၇) အနံ့ပြင်းတဲ့ အစားအသောက်တွေကို ထိုင်ခုံနေရာဆီ မယူမိအောင် သတိပြုပါ။

(၈) အတက်အဆင်းမှာ တိုးဝှေ့ပြီးသွားတာကို ရှောင်ကျဉ်ပါ။ တန်းစီပြီး အေးအေးဆေးဆေး သွားတာက အားလုံးအတွက် ခရီးပိုတွင်ပါတယ်။

Ref: rd.com