News

POST TYPE

RELAX

ကြွက်ပေါက်စလေးကို ချီသွားတဲ့ မြွေကြီးနောက်ကို အသည်းအသန် လိုက်လံ တိုက်ခိုက်တဲ့ ကြွက်မေမေ
12-Jul-2016
အီတလီက အမျိုးသမီး တစ်ဦးဟာ  မိခင်မေတ္တာဇော တစ်ခုကို သရုပ်ဖော်ထားတဲ့ ဗီဒီယိုဖိုင် တစ်ခုကို ရရှိခဲ့ပြီး အင်တာနက်ပေါ် တင်ခဲ့ပါတယ်။

ကိုယ့်ကလေးကို ချီသွားတဲ့ မြွေကြီးလက်ထဲက ကလေးကို ပြန်ရဖို့အရေး အသည်းအသန် တိုက်ခိုက်နေတဲ့ ကြွက်မလေး တစ်ကောင်ရဲ့ တိုက်ပွဲပါ။

အီတလီနိုင်ငံ နေပယ်စ်က လမ်းတစ်ခုမှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ကလေးကို မလွှတ်မချင်း မြွေကို မီးကုန်ယမ်းကုန် ချနေတဲ့ မေမေရဲ့ သတ္တိကတော့ အောချလောက်ပါတယ်။

နောက်ဆုံးမြွေကြီးက ကလေးကို လွှတ်ချပြီး မြက်တောထဲကို ဝင်သွားခဲ့ပါတယ်။ 

ကြွက်များဟာ တကယ် ဒေါသ ထွက်လာတဲ့အခါ အလွန် ရဲရင့်စွာ တိုက်ခိုက်ကြပြီး ရန်သူကို သေတဲ့အထိ အန္တရာယ် ပြုကြပါတယ်လို့ မီယာမီ တက္ကသိုလ်က ဇီဝဗေဒ ပညာရှင် ဒါနာကရမ်ပယ်စ်က ဆိုပါတယ်။ 
Ref : UPI


  • VIA