News

POST TYPE

RELAX

ဆွစ်ဇာလန်တွင် ဒုက္ခသည် အမျိုးသားကြီးတစ်ဦး ခရီးဆောင်အိတ်ထဲဝင်ပြီး ရထားပေါ်လိုက်ပါ
12-Jul-2016 tagged as ဆွစ်ဇာလန်

အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ လုံခြုံရေး၊ စီးပွားရေး၊ ပဋိပက္ခ  ဆက်စပ် ပြဿနာတွေကြောင့် ဥရောပကို ဒုက္ခသည်တွေ အလုံးအရင်း ဝင်ရောက် နေကြပါတယ်။

ဆွစ်ဇာလန်မှာ တွေ့ရတဲ့ အဖြစ်အပျက် တစ်ခုကတော့ ရယ်ရမလို စိတ်မကောင်း ဖြစ်ရမလိုကြီးပါပဲ။

အရပ် ၆ ပေလောက်ရှိတဲ့ အမျိုးသားကြီး တစ်ဦးဟာ ခရီးဆောင် အိတ်ထဲကို မရမက ဝင်ပြီး ရထားနဲ့ လိုက်လာတာ ဖြစ်ပါတယ်။

အထုပ်ကြီး တစ်ထုပ်ထဲက လက် ထွက်လာပြီး ဇစ်ကို ဖွင့်နေတာကို ရဲတွေက မြင်သွားပြီးတော့ အပြေးလေး ဖွင့်ပေးလိုက်ရပါတယ်။

ဆွစ်ဇာလန် နယ်ခြားစောင့်တပ်က ဒီဗီဒီယိုကို ရရှိခဲ့ပြီးတော့ သတင်းဌာနတွေကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အမျိုးသားကြီးဟာ အီရစ်ထရီးယားက ဖြစ်ပြီးတော့ အီတလီ၊ ဆွစ်ဇာလန် နယ်စပ်ကို ကျော်ဖြတ်ချိန်မှာ သေတ္တာကြီးထဲ ဝင်နေခဲ့တာ ဖြစ်ပါသတဲ့။ 
Ref : UPI