News

POST TYPE

RELAX

လက်သည်းဆိုးဆေး တစ်ပတ်ကျော် လှပစွဲမြဲနေဖို့
26-Aug-2016
(၁) ပေါ်လစ်ရှ်မသုံးခင် လက်သည်းပေါ်မှာ ကျန်ရှိနေတဲ့ အလှဆီတွေ ခရင်မ်တွေကို လုံးဝကုန်စင်အောင် ဖယ်ရှားပါ။

(၂) ဆိုင်မှာ လက်သည်း အလှပြင်မယ်ဆိုရင် အထူးသဖြင့် ရပ်ကွက်ထဲက သာမန်ဆိုင်တစ်ဆိုင် ဖြစ်နေမယ်ဆိုရင် ကိုယ့်ရဲ့ ပေါ်လစ်ရှ်ကို ယူသွားပါ။ ဆိုင်မှာသုံးတဲ့ ပေါ်လစ်ရှ်တွေက ပါးတဲ့အတွက် မြန်မြန်ကွာစေပါတယ်။

(၃) ပန်းကန်ဆေးတဲ့အခါ လက်အိတ်စွပ်ပါ။ ဒါဟာ လက်သည်းနီကို ပိုကြာရှည်ခံစေမယ့် အဓိကအချက် တစ်ချက်ပါပဲ။

(၄) အောက်ခံဆိုးဆေး တစ်ထပ်သုံးပါ။ ပေါ်လစ်ရှ်ကို ဒီအတိုင်းသုံးမယ့်အစား အောက်ခံဆိုးဆေး သုံးတာက လက်သည်းကို ကာကွယ်ပေးသလို ပေါ်လစ်ရှ်ကိုလည်း ပိုမိုစွဲမြဲစေပါတယ်။

(၅) နှစ်ရက်တစ်ခါ အပေါ်ထပ်ဆိုးဆေး ထပ်ဆိုးပါ။ ဆိုးတဲ့အခါ နေ့စဉ်လှုပ်ရှားမှုတွေလုပ်ရင်း ပွန်းပဲ့သွားနိုင်တဲ့ နေရာတွေကို ဂရုစိုက်ပါ။

(၆) ချွန်ထက်တဲ့ လက်သည်းပုံစံထက် ခပ်ဝိုင်းဝိုင်း ပုံစံညှပ်တာက အစွန်းတွေမှာ ပွန်းပဲ့ပြီး ဆေးကျွတ်ဖို့ ပိုမိုခက်ခဲစေပါတယ်။

(၇) ပေါ်လစ်ရှ်ကို သင့်အသားအရေနဲ့ နီးစပ်တဲ့အရောင်ကို ရွေးချယ်ပါ။ ဒါမှသာ မတော်တဆ ကွာကျတဲ့အခါ ကျန်တဲ့နေရာတွေနဲ့ အရောင်သိပ်ပြီး ကွာဟမနေမှာပါ။

(၈) လက်ချောင်းထိပ်တွေကို Cuticle Oil နေ့စဉ်လိမ်းပါ။ လက်သည်းတွေ မာကျောကျွတ်ဆတ် မသွားအောင် ကာကွယ်ပေးပါတယ်။

Ref: rd.com