News

POST TYPE

RELAX

ဘရစ်တနီစပီးယားရဲ့ ဘဝဇာတ်ကြောင်းကို Lifetime ရုပ်သံက ရိုက်ကူးမယ်
26-Aug-2016
အောင်မြင်ကျော်ကြားတဲ့ အမျိုးသမီးတွေရဲ့ ဘဝဇာတ်ကြောင်းတွေကို ရိုက်ကူးတင်ပြနေတဲ့ အမေရိကန် တီဗီချန်နယ် Lifetime က နာမည်ကြီး အဆိုတော်တစ်ယောက် ဖြစ်တဲ့ ဘရစ်တနီစပီးယားရဲ့ ဘဝဇာတ်ကြောင်းကို စတင်ရိုက်ကူးသွားမယ်လို့ ကြေညာလိုက်ပါတယ်။

အနုပညာရှင်ဘဝမှာ အတက်အကျတွေ များလွန်းတဲ့ ဘရစ်တနီစပီးယားရဲ့ ဘဝဇာတ်ကြောင်းကို လာမယ့် ၂၀၁၇ ခုနှစ် အတွင်းမှာ ထုတ်လွှင့်သွားမှာဖြစ်ပြီး ဘရစ်တနီစပီးယား အဖြစ် သြစတြေးလျ မင်းသမီး နာတာရှာ ဘတ်ဆက်က သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အဲဒီဇာတ်ကြောင်းထဲမှာ ဘရစ်တနီစပီးယားနဲ့ ဂျက်စတင်တင်းဘားလိတ်တို့ရဲ့ အချစ်ဇာတ်လမ်း၊ ဘရစ်တနီစပီးယားနဲ့ ကယ်လ်ဗင်ဖယ်ဒါလိုင်းတို့ရဲ့ အိမ်ထောင်ရေးဇာတ်လမ်း အကြောင်းတွေ ပါဝင်လာမှာဖြစ်ပြီး ဘရစ်တနီစပီးယားရဲ့ ပြီးခဲ့တဲ့ (၈) နှစ် အကြာက တစ်ကိုယ်ရေ ရုန်းကန်ခဲ့ရမှုတွေကို တော်တော်များများ တွေ့ရမှာ ဖြစ်ပါတယ်။

Ref: ABCnews