News

POST TYPE

RELAX

ကုသိုလ်လမ်းညွှန်
25-Aug-2016

ဒီနေ့တော့ The Voice စာဖတ်ပရိသတ်တွေအတွက် ကုသိုလ်ပြုဖို့ လမ်းညွှန်နေကျအတိုင်း ညွှန်ပေးချင်တာကတော့ ကျောက်ကပ်အားနည်းတဲ့ဒဏ်ကြောင့် အရိုးတွေပျော့လာတဲ့ ဝေဒနာကို ခံစားနေရတဲ့ ကလေးငယ်ကို ငွေကြေးအလှူဒါန ပြုနိုင်ဖို့ပါ။

ဒီကလေးလေးက အသက် ၁၂ နှစ်အရွယ်ရှိပြီး ကျောက်ကပ်ကလည်း တဖြည်းဖြည်း အားနည်းလာတာကြောင့် အရိုးတွေ ပျော့လာတာမို့ လတ်တလောမှာတော့ သွေးစစ်ဆေးနေရတာ ဖြစ်ပါတယ်။

မိဘတွေကလည်း ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေရတာမို့ ကလေးငယ်တွေအတွက် အရိုးဓာတ်မှန်ရိုက်ဖို့နဲ့ ဆေးဆက်ကုသဖို့ ငွေကြေးအခက် ကြုံနေရတာ ဖြစ်ပါတယ်။

ကလေးငယ်အတွက် ငွေကြေးအလှူဒါန ပြုချင်ရင်တော့ မန္တလေ ကလေးဆေးရုံဟောင်း ဒုတိယထပ်၊ မန္တလေးမြို့မှာ ဆေးကုသခံနေရတာဖြစ်ပြီး တစ်ဆင့် ဆက်သွယ်လှူဒါန်းချင်တယ် ဆိုရင်တော့ ကိုဝမ်း ဖုန်း ၀၉- ၄၄၂၁၂၄၂၄၄ နဲ့ မောင်လူပျော် ဖုန်း ၀၉-၄၀၂၅၇၇၁၄၃ ကို ဆက်သွယ်စုံစမ်းလှူဒါန်းနိုင်ပါတယ်။