News

POST TYPE

TIP

နိုင်ငံတကာအပြစ်ကင်းစင်သောကလေးများ အကြမ်းမဖက်ရေးနေ့
02-Jul-2017 tagged as


နိုင်ငံတကာ အပြစ်ကင်းစင်သော ကလေးများ အကြမ်းမဖက်ရေး အထိမ်းအမှတ်နေ့ (International Day of Innocent Children Victims of Aggression) ကို နှစ်စဉ် ဇွန်လ ၄ ရက်နေ့ဟု သတ်မှတ်ပေးထားပါသည်။ အပြစ်ကင်းစင်သော ကလေးများအပေါ် ရန်လိုအကြမ်းဖက်မှုများ မလုပ်ဆောင်ရေးအတွက် ကမ္ဘာ့ကုသမဂ္ဂက ကြီးမှူးပြီး သတ်မှတ် ကျင်းပပေးနေသည့်နေ့လည်း ဖြစ်သည်။ ယခုနှစ်အတွက် ကုလသမဂ္ဂတွင်ပင် ကျင်းပပြုလုပ်ခဲ့ကြောင်းလည်း သိရပါသည်။

ဇူလိုင် ၄ ရက်နေ့ကို ကမ္ဘာတစ်ဝန်းလုံးရှိ ကိုယ်ကာယအားဖြင့်လည်းကောင်း၊ စိတ်ဓာတ်ရေးရာအရအားဖြင့်လည်းကောင်း အကြမ်းဖက်မှုများ ခံစားနေကြရသည့် ကလေးများကို ထိုဘေးဒုက္ခများက ကင်းလွတ်စေခြင်းငှာ ရည်ရွယ်ပြီး အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ပေးခဲ့ရခြင်း ဖြစ်ပါသည်။ အထူးသဖြင့် ကမ္ဘာ့ကလေးများအပေါ် ကုလသမဂ္ဂ၏ ထိန်းသိမ်းစောင့်ရှောက်မှု အလေးထားကြောင်း ပြသလိုသောကြောင့်လည်း နှစ်စဉ် ကျင်းပပေးနေခြင်းဖြစ်သည်။

ကမ္ဘာ့သန်းပေါင်းများစွာသော ကလေးသူငယ်များတွင် ကလေးသူငယ်ဆိုင်ရာ ရသင့်ရထိုက်သော အခွင့်အရေးများကို ရရှိရန်လိုအပ်သည်။ ကမ္ဘာတစ်ဝန်းလုံးရှိ လူမှုအဖွဲ့အစည်းပေါင်း များစွာကလည်း ကလေးများ အခွင့်အရေးနှင့် ကလေးများဘဝ ထိန်းသိမ်းစောင့်ရှောက်ပေးရေးတို့ကို ကြိုးစား ဆောင်ရွက်နေကြပါသည်။ နယ်လ်ဆင်မင်ဒဲလားနှင့် ဂရာကာမာရှဲတို့ ဦးဆောင်နေသည့် Global Movement for Children အဖွဲ့ကလည်း ထင်ရှားသည်။ အထူးသဖြင့် သာမန် လူတန်းစားများက မွေးဖွားလာသည့် သားသမီးများအတွက် သူတို့အခွင့်အရေးများ တန်းတူညီမျှရရေးကို တတ်နိုင်သမျှ လိုက်လံ လုပ်ဆောင်ပေးနေသည်။

“Say Yes for Children” ကိုလည်း UNICEF က ကြီးမှူးပြီး ကျင်းပပေးလျက်ရှိသည်။ လူပေါင်း ၉၄ သန်းကျော် ပါဝင်လှုပ်ရှားသည့် လှုပ်ရှားမှုကြီးတစ်ခုဖြစ်ပြီး ကလေးများဘဝ လုံခြုံခိုင်မာ စိတ်ချရရေးအတွက် အပြုသဘော ဆောင်သည့် လုပ်ငန်း ၁၀ ခုဖြင့် လှုပ်ရှား လုပ်ဆောင်ပေးကြသည်။

ကလေးများအတွက် အထိမ်းအမှတ်နေ့များ ကျင်းပပေးရာတွင် ကလေးများကို မညှဉ်းပန်း မနှိပ်စက်ရေး၊ ကလေးသဘာဝ ကလေး အခွင့်အရေးများပေးကာ အပြည့်အဝ ထိန်းသိမ်းစောင့်ရှောက်ခွင့်များရရေးတို့ကို ဦးတည်ပြီး ကျင်းပခဲ့ခြင်းဖြစ်သည်။ 

ကုလသမဂ္ဂက ကြီးမှူးကျင်းပခဲ့သော International Day of Innocent Children Victims of Aggression နေ့သည် တစ်ကမ္ဘာလုံးရှိ ပြည်သူများ အသိတရားကို လှုံ့ဆော် နိုးထပေးရန်သာဖြစ်ပြီး အများပြည်သူ ပိတ်ရက်တစ်ခု အနေနှင့် လုပ်ဆောင်ထားခြင်း မရှိပေ။

၁၉၈၂ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့က ကုလသမဂ္ဂ အထွေထွေ ကောင်စီညီလာခံတွင် ပါလက်စတိုင်းအတွက် မေးခွန်းတစ်ခု ထုတ်ခဲ့ကြသည်။ အပြစ်ကင်းစင်သည့် ပါလက်စတိုင်းနှင့် လက်ဘနွန်ကလေးများအား အစ္စရေးတို့က အကြမ်းဖက် သတ်ဖြတ်မှုများ ပြုနေသည်ဆိုကာ မေးခွန်းထုတ်ခဲ့ကြခြင်းဖြစ်သည်။ ထိုအခမ်းအနားကတစ်ဆင့် နှစ်စဉ် ဇွန်လ ၄ ရက်နေ့ရောက်တိုင်း နိုင်ငံတကာ ကလေးများ အကြမ်းမဖက်ရေးနေ့အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်နိုင်ခဲ့ကြသည်။ 

ကုလသမဂ္ဂထုတ်ပြန်ချက်တွင် -

- လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း ပဋိပက္ခများကြားတွင် မြေစာပင်ဖြစ်ကာ သေဆုံးခဲ့ကြရသည့် အပြစ်မဲ့ ကလေးပေါင်း ၂ သန်းကျော်ရှိသည်။

- ဒုက္ခသည်စခန်းများရှိ ကလေးပေါင်း ၁၀ သန်း ခန့်ကို ကုလသမဂ္ဂ UNHCR အဖွဲ့က စောင့်ရှောက်ပေးနေရသည်။

- လက်တင်အမေရိကနှင့် ကရစ်ဘီယံဒေသများတွင် ကျွဲနှစ်ကောင် ခတ်သည့်ကြား၌ မြေစာပင်သဖွယ် နှစ်စဉ် ကလေးပေါင်း ၈၀ဝ၀ဝ ခန့် သေဆုံးနေကြရသည်။

ကျွန်တော်တို့ ကလေးများကို တတ်နိုင်သလောက် ကယ်တင်သင့်ကြပါသည်။

E-01 (Ref: UNICEF)

  • TAGS