News

POST TYPE

TIP

သင်စိတ်ဝင်စားနေတဲ့သူကို ဆွဲဆောင်နိုင်မယ့်နည်းလမ်း (၅) ခု
16-Aug-2016 tagged as

(၁) ဟာသဥာဏ်
ဟာသဥာဏ်ဟာ အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေအတွက်ပါ အသုံးဝင်ပါတယ်။ ဒါပေမဲ့ အသုံးဝင်ပုံချင်းတော့ ကွာခြားမှုရှိပါတယ်။ အမျိုးသမီးတွေအဖို့ ဟာသဥာဏ်ရှိတဲ့အမျိုးသားတွေဟာ ဆွဲဆောင်မှုရှိပြီး အမျိုးသားတွေအဖို့ သူတို့ဟာသတွေကိုရယ်တဲ့ အမျိုးသမီးတွေဟာ ဆွဲဆောင်မှုရှိပါသတဲ့။ ဒါကြောင့် အမျိုးသားတွေ ဟာသများများပြောပြီး အမျိုးသမီးတွေ ပိုရယ်ပါ။

(၂) သတိပြုမိခြင်း
ကိုယ်တိတ်တခိုးကြိုက်နေသူ ကိုယ့်ကိုစိတ်ဝင်စားလာစေချင်တယ်ဆိုရင် ကိုယ်ကြိုက်နေတဲ့အကြောင်း သူသတိပြုမိပါစေ။ ကိုယ်စိတ်ဝင်စားနေတဲ့အကြောင်း သူသတိပြုမိတာဟာ ဆွဲဆောင်မှုတစ်မျိုး ဖြစ်ပါတယ်။

(၃) ပြောဆိုဖြစ်တဲ့ အကြောင်းအရာ
ကိုယ်စိတ်ဝင်စားသူနဲ့ စကားပြောတဲ့အခါ တွေ့ကရာအကြောင်းရာကို ကောက်ပြောလိုက်မယ့်အစား သူစိတ်ဝင်စားမယ့် အကြောင်းအရာမျိုးကို ရွေးပြောပါ။ အထူးသဖြင့် ကိုယ်ကြိုက်နှစ်သက်တဲ့အရာ ကိုယ့်ဘ၀အကြောင်း ၀ါသနာ စသဖြင့် စိတ်ခံစားချက်တွေပါနေမယ့် အကြောင်းအရာမျိုး ဖြစ်ပါစေ။

(၄) ကိုယ်ရည်ကိုယ်သွေး
ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးဟာလည်း ဆွဲဆောင်မှုတစ်ရပ်ပါပဲ။ အိမ်ထောင်ဖက်အဖြစ် လက်ခံနိုင်လောက်တဲ့ ပညာအရည်အချင်း၊ တွေးခေါ်နိုင်စွမ်း နဲ့ အကျင့်စာရိတ္တရှိသူတွေဟာ ပိုပြီးဆွဲဆောင်မှုရှိပါတယ်။

ကိုယ့်ရဲ့ စိတ်ခံစားချက်ဟာ ကိုယ့်ကိုတစ်ဖက်လူ စိတ်ဝင်စားလာစေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။ သူနဲ့ဆုံတဲ့အချိန်တွေနဲ့ သူအနီးအနားမှာရှိနေချိန်တွေမှာ ၀မ်းနည်းနေတာ၊ သောကရောက်နေတာ၊ ပျော်နေတာ စသဖြင့် လှိုက်လှဲတဲ့ စိတ်ခံစားချက်မျိုးကို သူသတိထားမိပါစေ။

  • VIA
  • TAGS