News

POST TYPE

TIP

ချစ်ခရီးသာယာစေဖို့ ဆောင်ရန်ရှောင်ရန်
14-Aug-2016 tagged as ခရီး

အချစ်ရေး အိမ်ထောင်ရေး သာယာစေဖို့အတွက် အယူအဆတွေ အကြံပြုချက်တွေ အများကြီးရှိတဲ့ အထဲက သတိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန် အချက် (၅) ချက်ကို ရွေးချယ်တင်ပြထားပါတယ်။

(၁) စုံတွဲတွေကြားမှာ အရာအားလုံး အညီအမျှ ရှိသင့်တဲ့အတွက် သူတစ်ခု လုပ်ပေးရင် ကိုယ်တစ်ခု ပြန်လုပ်ပေးရမယ်ဆိုပြီး မှားယွင်းယူဆလေ့ ရှိကြပါတယ်။ တကယ်လက်တွေ့မှာတော့ တစ်ဖက်လူဆီက အတိအကျ ပြန်မျှော်လင့်မနေဘဲ ကိုယ်တတ်နိုင်သမျှ ဂရုစိုက်မှု ပေးတာကသာ မှန်ကန်တဲ့ နည်းလမ်းပါ။

(၂) တစ်ယောက်စိတ်ကို တစ်ယောက် မသိနိုင်တာကြောင့် အားလုံးကို ထုတ်ပြောပြဖို့တယ်လို့လည်း ထင်ကြပါသေးတယ်။ လက်တွေ့မှာတော့ ပျော်ရွှင်ကျေနပ်မှု ရရှိကြတဲ့ စုံတွဲတွေဟာ ပါးစပ်က ထုတ်ပြောစရာ မလိုဘဲ တစ်ယောက်ခံစားချက်ကို တစ်ယောက် နားလည်လေ့ ရှိကြပါတယ်။

(၃) အော်ဟစ်ရန်ဖြစ်တတ်ကြတဲ့ လင်မယားတွေ စုံတွဲတွေဟာ မြန်မြန်ပြတ်စဲလေ့ ရှိကြတယ်လို့ ဆိုကြသူတွေ ရှိပါတယ်။ တကယ်တမ်းမှာတော့ ခိုင်မြဲတဲ့ဆက်ဆံရေး တစ်ခုမှာ အဆင်ပြေတဲ့အချိန် ငါးခါလောက်ပြီးရင် တစ်ခါလောက် ရန်ဖြစ်လေ့ ရှိကြတာကို တွေ့ရှိခဲ့ရပါတယ်။

(၄) တချို့စုံတွဲတွေ ထင်လေ့ရှိသလို တစ်ခုခု အငြင်းပွားကြတဲ့အခါ မကျေမလည် ဖြစ်ကြတဲ့အခါ လုံးဝ ပြေလည်သွားတဲ့အထိ အပြန်အလှန်ေ ပြာဆိုနေသင့်တယ် ဆိုတာဟာ တကယ့်လက်တွေ့မှာတော့ ရလဒ်ကောင်း နည်းလေ့ရှိပါတယ်။ လူနှစ်ယောက်မှာ မတူညီတဲ့ ခံယူချက်တွေ ရှိနေမှာ ဖြစ်တဲ့အတွက် အတိုက်အခံဖြစ်ရမယ့် အဓိက အကြောင်းအရာတွေကို ဆက်မပြောတာကသာ အကောင်းဆုံးပါ။

(၅) မတူညီတဲ့သူတွေဟာ တစ်ယောက်ကိုတစ်ယောက် ပိုမိုဆွဲဆောင်နိုင်စွမ်း ရှိတဲ့အတွက် သူတို့ရဲ့ အချစ်ရေးဟာ ပိုမိုသာယာတယ်လို့ ယူဆသူတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဆန့်ကျင်ဘက် အကြိုက်တွေ သဘောထားတွေ အများကြီး ရှိနေတဲ့ စုံတွဲတွေဟာ အချိန်ကြာလာနဲ့အမျှ အဆင်မပြေမှုတွေ ရှိလာကြပါတယ်။ အသေးအဖွဲ့အရာတွေဆို ကိစ္စမရှိလှပေမယ့် ကြီးမားတဲ့ ကွာခြားချက်တွေ ရှိနေမယ်ဆိုရင် ရေရှည်မှာ တစ်ယောက်ကို တစ်ယောက် မနှစ်မြို့နိုင် ဖြစ်လာလေ့ ရှိပါတယ်။

Ref: rd.com