News

POST TYPE

TIP

ဘာသာစကားအသစ် အမြန်ဆုံးတတ်မြောက်နည်း
12-Aug-2016 tagged as

(၁) ဒီဘာသာစကားကို ဘာကြောင့်တတ်ချင်တာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိပါစေ။ ဘာသာစကားတွေ အများကြီးထဲမှာ ဒီဘာသာစကားကို ဘာကြောင့်ရွေးချယ်တာလဲဆိုတာကို သေချာသုံးသပ်ပါ။

(၂) ကိုယ့်အိမ်အတွင်းမှာရှိတဲ့ အသုံးအဆောင်ပစ္စည်းတိုင်းကို ဒီဘာသာစကားနဲ့ရေးထားတဲ့ နာမည်တွေတပ်ပါ။ 

(၃) ကိုယ်နဲ့အတူ ဒီဘာသာစကားကို သင်ယူချင်တဲ့ အပေါင်းအသင်းတစ်ယောက်ရှာပါ။ သူနဲ့လေ့ကျင့်ပါ။

(၄) နေ့တိုင်းနေ့တိုင်း ဒီဘာသာစကားနဲ့သက်ဆိုင်တဲ့ အသေးအဖွဲပန်းတိုင်သစ်တွေ (ဥပမာ စကားလုံးဘယ်နှလုံး ရရမယ် ဘယ်အသံထွက်ကို တတ်ရမယ် စသဖြင့်) ချမှတ်ပါ။ ဒီပန်းတိုင်တွေကို အောင်အောင်မြင်မြင် ကျော်လွှားပါ။

(၅) အစားအစာ၊ ရုပ်ရှင်၊ သီချင်း စသဖြင့် ကိုယ့်ရဲ့ နေ့စဉ်လှုပ်ရှားမှုတိုင်း ဒီဘာသာစကားနဲ့ ရင်းနှီးနေပါစေ။ အစားအစာစားတဲ့အခါ ဒီဘာသာစကားနဲ့ဆိုင်တဲ့ ရိုးရာအစားအစာကိုစားပါ၊ ရုပ်ရှင်ကြည့်တဲ့အခါ သီချင်းနားထောင်တဲ့အခါတွေမှာလည်း ဒီဘာသာစကားနဲ့ပြောဆို သီဆိုတာတွေဖြစ်ပါစေ။

(၆) မိခင်ဘာသာစကား (သို့) သင်တတ်ထားတဲ့ဘာသာစကားတစ်ခုနဲ့ ဆင်တူတဲ့စကားလုံးတွေကို လေ့လာပါ။ ဘာသာစကားတွေမှာ အခြေခံဇာစ်မြစ်တူတဲ့ ဝေါဟာရတွေ ရှိကြပါတယ်။

(၇) ပုံစံအမျိုးမျိုးနဲ့ များများလေ့ကျင့်ပါ။ ဒီဘာသာစကားနဲ့ ထုတ်လွှင့်တဲ့ ရေဒီယိုတွေ၊ သတင်းစာတိုက်တွေ၊ ၀က်ဘ်ဆိုက်တွေနဲ့ စကားပြောကြည့်ပါ။ စာအတိုအစလေးတွေ ပို့ကြည့်ပါ။ ဒီဘာသာစကားကို မိခင်ဘာသာစကားအနေနဲ့ ပြောသူတွေကို မရှက်ဘဲအပြန်အလှန် ပြောဆိုကြည့်ပါ။

Ref: babbel.com

  • TAGS