News

POST TYPE

TIP

ဖောက်ပြန်နိုင်ခြေပိုများတဲ့ အသက်အရွယ်တွေ
10-Aug-2016


ဗြိတိန်လူမျိုးတွေကို သုတေသနပြုလိုက်တဲ့အခါ ဖောက်ပြန်နိုင်ခြေ ပုံမှန်ထက် နှစ်ဆအထိပိုများတဲ့ အသက်အရွယ်တွေကို တွေ့ရှိခဲ့ပါတယ်။


အားလုံးထဲမှာ အသက် ၃၉ နှစ်ရှိသူတွေက ဖောက်ပြန်ဖို့ အဖြစ်နိုင်ဆုံးလို့ သုတေသနထဲမှာ တွေ့ရပါတယ်။


သင်က အခုဒီအသက်အရွယ် ရောက်နေပြီ ဒါမှမဟုတ် သင့်လက်တွဲဖော်က ဒီအသက်ကို ရောက်နေပြီဆိုရင် သတိထားနေပါတော့။


နောက်ထပ်အသက်အရွယ် တွေကတော့ ၁၉ နှစ်၊ ၂၉ နှစ်၊ ၄၉ နှစ် နဲ့ ၅၉ နှစ် တွေပါ။ အသက်အပိုင်းအခြားတစ်ခုကို တစ်ဆစ်ချိုးပြောင်းခါနီးမှာ ပိုပြီး ဖောက်ပြန်လေ့ ရှိကြတယ်လို့ သုတေသနက ဆိုပါတယ်။


ဒီသုတေသနကို Illicit Encounters ဆိုတဲ့ အောင်သွယ်တော် ဝက်ဘ်ဆိုက်က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


Ref: unilad.co.uk