News

POST TYPE

TIP

အလုပ်ပိုတွင်တဲ့ ရုံးအပြင်အဆင်ဖြစ်ဖို့ အခြေခံအချက် (၄)ချက်
09-Aug-2016
ဝန်ထမ်းတွေရဲ့ တစ်နေ့တာအချိန် အများဆုံးကုန်ဆုံးရာ ရုံးအဆောက်အအုံဟာ အလုပ်တွင်ကျယ်ဖို့နဲ့ သက်တောင့်သက်သာ ရှိစေဖို့ အရေးကြီးတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ဝန်ထမ်းတွေ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာရုံစူးစိုက်လို့ ရမယ့် ရုံးတစ်ခုဖြစ်ဖို့ အဆောက်အအုံ အပြင်အဆင်ပိုင်းမှာ အောက်ပါအချက်လေးချက်နဲ့ ပြည့်စုံနေဖို့ လိုအပ်ပါတယ်။

(၁) သဘာဝအလင်းရောင် ရရှိဖို့ဟာ ထိပ်ဆုံးက အရေးကြီးတဲ့အချက်ပါ။ သဘာဝအလင်းရောင် ပေါပေါများများ ရရှိနိုင်မယ့်နေရာတွေ ရုံးအပြင်အဆင်မှာ ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။

(၂) လေဝင်လေထွက် မကောင်းဘူးဆိုရင် ရုံးဟာ လှောင်ပိတ်မွန်းကြပ်နေတော့မှာပါ။ ဝန်ထမ်းတွေအဖို့ စိတ်ရှုပ်ထွေးလာမှာ ဖြစ်ပြီး အာရုံစူးစိုက်မှု လျော့ကျမှာဖြစ်သလို တီထွင်ဖန်တီးမှုစွမ်းရည် အတွက် အဓိက အဟန့်အတားပါပဲ။ လေဝင်လေထွက် ကောင်းဖို့ ကျယ်ကျယ်လွင့်လွင့် ရှိမယ့် နေရာလွတ်တွေ လိုအပ်ပါလိမ့်မယ်။

(၃) ကိုယ်လက်လှုပ်ရှားမှုကို အားပေးပြီး အလွယ်တကူ လှုပ်ရှားသွားလာနိုင်ဖို့ ကလည်း ကျန်းမာရေးအတွက် အရေးပါပါတယ်။ အလုပ်စားပွဲမှာ သာမဟုတ်ဘဲ ထမင်းစားဆောင် စက်ဘီးရပ်ဖို့နေရာ စသည်ဖြင့် လှုပ်ရှားမှုအတွက် အထောက်အကူပြု နေရာတွေ လိုအပ်သလို အပြင်အဆင်ပိုင်းမှာ အပြောင်းအလဲတွေ ပြုလုပ်ပေးတဲ့အခါ စိတ်တက်ကြွစေပါတယ်။

(၄) သန့်ရှင်းမှုကတော့ မဖြစ်မနေလိုတဲ့ အချက်တစ်ချက်ပါပဲ။ အလုပ်ခွင်ရဲ့ နေရာတိုင်းနဲ့ ကီးဘုတ်၊ တယ်လီဖုန်း၊ ကွန်ပျူတာမျက်နှာပြင် စတဲ့ အသုံးအဆောင်တိုင်း သန့်ပြန့်နေမှသာ ရောဂါပိုးပေါက်ပွားမှု လျော့ကျမှာဖြစ်ပါတယ်။

ref: forbes.com