POST TYPE

TIP

အလံများရဲ့ ရာဇ၀င်
04-Mar-2017 tagged as


စပိန် 
စပိန်နိုင်ငံ အလံရဲ့ အလယ်လောက်က ဒိုင်းကာလေးခုက စပိန်နိုင်ငံရဲ့ရှေးခေတ် ဘုရင့်နိုင်ငံလေးခုဖြစ်တဲ့ Castile (ရဲတိုက်)၊ Léon (ခြင်္သေ့)၊ Aragon (အစင်းကြား) နဲ့ Navarre (သံကြိုး)တို့ကို ကိုယ်စားပြုပါတယ်။


ကနေဒါ
အလံမှာပါတဲ့ အနီရောင်က အင်္ဂလန်သူတော်စင်ရဲ့ အနီရောင် လက်ဝါးကပ်တိုင်ကို ကိုယ်စားပြုပြီး အဖြူရောင်ကတော့ ပြင်သစ် တော်ဝင်သင်္ကေတကို ကိုယ်စားပြုပြီး အင်္ဂလိပ်နဲ့ ပြင်သစ် အမွေအနှစ်တွေ ပေါင်းစပ် ပေါ်ထွက်လာတဲ့ နိုင်ငံဆိုတဲ့ သဘောပါ။ အလယ်တည့်တည့်က အရွက်ကတော့ ကနေဒါနိုင်ငံရဲ့ အထိမ်းအမှတ် မေပယ်ရွက်ကို ကိုယ်စားပြုထားတာပါ။


ဆွစ်ဇာလန်
စတုရန်းပုံ အနားသတ်တွေနဲ့ အလယ်မှာ အဖြူရောင် ကြက်ခြေခတ် ပုံပါတဲ့ ဆွစ်ဇာလန် နိုင်ငံအလံက ခရစ်ယာန် ဘာသာရေးကို ကိုယ်စားပြုပါတယ်။ ကြက်ခြေနီအဖွဲ့ကြီးဟာ ထူထောင်သူ ဟင်နရီဒူးနန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့နိုင်ငံ ဆွစ်ဇာလန်ရဲ့ အလံအရောင်ကို ပြောင်းပြန်လုပ်ပြီး ကြက်ခြေနီအလံအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။


တရုတ်
၁၉၄၉ ခုနှစ် ကွန်မြူနစ်ပါတီ အာဏာရလာတဲ့အခါ အလံသစ် ဒီဇိုင်းဆွဲဖို့ ပြိုင်ပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အနိုင် ရရှိသွားတဲ့ အလံမှာပါတဲ့ အနီရောင်က တော်လှန်ရေးကို ကိုယ်စားပြုပါတယ်။ ကြယ်အကြီးကတော့ ကွန်မြူနစ်ပါတီကို ကိုယ်စားပြုပြီး ကြယ်လေးတွေကတော့ တရုတ်ပြည်သူတွေပါ။


အိန္ဒိယ
အိန္ဒိယ အလံရဲ့ ကုံကုမံရောင် (လိမ္မော်ရောင်) ကတော့ စိတ်ဝိညာဉ် ပိုင်းဆိုင်ရာကို ဖော်ပြပြီးတော့ အဖြူရောင်က ငြိမ်းချမ်းမှု၊ အစိမ်းရောင်က မြေဆီသြဇာ ကောင်းမွန်မှုနဲ့ လှည်းဘီးကတော့ အပြောင်းအလဲကို ကိုယ်စားပြုပါတယ်။


အမေရိကန်(USA)
အလံမှာပါတဲ့ ကြယ်အလုံး ၅၀ က ပြည်နယ် ၅၀ ကို ကိုယ်စားပြုပြီး အစင်းကြောင်း ၁၃ ခုကတော့ အမေရိကန် ပြည်ထောင်စု စတင် ထူထောင်ခဲ့တဲ့ ကိုလိုနီနယ် ၁၃ ခုကို ကိုယ်စားပြုတာပါ။


ၾသစေၾတးလ်
ကြယ်သေးသေးလေး ငါးလုံးက သြစတြေးလျကနေ ကြည့်ရင် အလင်းဆုံး ကြယ်တာရာ အစုအဝေးဖြစ်တဲ့ ဒက္ခိဏကြက်ခြေ (Southern Cross) ဖြစ်ပါတယ်။အစွန်း ခုနစ်ခုပါတဲ့ ကြယ်ကတော့ ပြည်ထောင်စု ကြယ်ဖြစ်ပြီး အစွန်းခြောက်ခုက ပြည်နယ်ကြီး ခြောက်ခုကို ကိုယ်စားပြုပါတယ်။ နောက်ဆုံး အစွန်းတစ်ခုကတော့ အခြားပြည်နယ်လေးတွေကို ကိုယ်စားပြုပါတယ်။


အိုင်ယာလန်
အိုင်ယာလန် အလံမှာပါတဲ့ အရောင်တွေက ဘာအဓိပ္ပာယ်လဲ ဆိုတာကို တိတိကျကျ ဖော်ထုတ်မှု မရှိသေးပါဘူး။ ဒါပေမဲ့ အစိမ်းရောင် အစင်းကြောင်းက အိုင်ယာလန်က ကတ်သလစ်တွေကို ကိုယ်စာပြုပြီး လိမ္မော်ရောင်ကတော့ ၁၆ ရာစုနှစ်အတွင်းမှာ ဝီလီယံအော့ဖ် အောရိန့်ဂ်ျအတွက် တိုက်ခိုက်ပေးတဲ့ ပရိုတက်စတင့်တွေကို ကိုယ်စားပြုတာ ဖြစ်လိမ့်မယ်လို့ လူအများက ယုံကြည်ကြပါတယ်။ ဒီအလံဟာ နှစ်ဖက်ကို ပေါင်းစည်း ပြေလည်စေတဲ့ သဘောလို့ ယူဆကြပါတယ်။

  • TAGS