News

POST TYPE

TIP

Facebook ပေါ်မှာ ဖတ်စရာ
18-Jan-2017


ဒီတစ်ခေါက်တော့ ဖေဖေ မေမေတို့အတွက် အသုံးဝင်မယ့် စာမျက်နှာ တစ်ခုကို ပြောပြချင်ပါတယ်။

Search Box မှာ Little One Magazine လို့ ရိုက်ထည့်လိုက်ပါ။

အဲဒီစာမျက်နှာက ကိုယ်ဝန်ဆောင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ကလေးငယ်တွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စုစည်း ဖော်ပြပေးနေတဲ့ မဂ္ဂဇင်းစာမျက်နှာ တစ်ခုပါ။

အဲဒီအကြောင်းအရာတွေတင်မက ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေနဲ့ ပတ်သက်တဲ့ သိထားသင့်တဲ့ အကြောင်းအရာတွေ၊ တခြား ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတရဖွယ်တွေ၊ နိုင်ငံတကာက ကလေးငယ်တွေရဲ့ ချစ်စဖွယ် အမူအယာတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေကိုလည်း စုစည်းဖော်ပြ ပေးထားပါတယ်။

ကိုယ့်ရဲ့ သားငယ်၊ သမီးငယ်တွေရဲ့ ချစ်စဖွယ် အမူအရာတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေကိုလည်း Little One Magazine ဆီိပေးပို့နိုင်တဲ့အပြင် ဖော်ပြဖို့ ရွေးချယ်ခံရမယ်ဆိုရင် ဖုန်းငွေဖြည့်ကတ် ၃၀၀၀ ကျပ်တန် ဖုန်းငွေဖြည့်ကတ်ကို ပြန်လည်ပေးပို့သွားမယ်လို့ ဆိုထားပါတယ်။

မကြာခင်မှာ စတင်မယ့် အစီအစဉ် တစ်ခုလည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ မွေးနေ့ဆုတောင်း အစီအစဉ်ပါ။ အဲဒီအစီအစဉ်မှာ ပါဝင်ချင်တယ် ဆိုရင်တော့ ကလေးငယ်ရဲ့ ဓာတ်ပုံ သုံးပုံ အပါအဝင် တောင်းဆိုထားတဲ့ အချက်အလက်တွေနဲ့အတူ မွေးနေ့ မရောက်ခင် တစ်ပတ်ကြိုတင် ပေးပို့နိုင်တယ်လို့ ဆိုထားပါတယ်။

သတိပြုရမှာက မွေးနေ့ဆုတောင်း ကဏ္ဍက ငါးနှစ်အောက် ကလေးငယ်တွေပဲ ပါဝင်လို့ရပြီး အဲဒီကဏ္ဍအတွက် ဓာတ်ပုံ ပေးပို့မယ်ဆိုရင် ကြည်လင်ပြတ်သားတဲ့ ပုံတွေကို ပေးပို့ရမှာပါ။

ကဲ ဖေဖေမေမေတို့ရေ ဖုန်းထဲကို ပိုက်ဆံဖြည့်၊ အင်တာနက်လေး ဖွင့်ပြီး https://www.facebook.com/littleonemagazine/ ဆိုတဲ့ လင့်ကနေ တစ်ဆင့် သိသင့်တဲ့ ကျန်းမာရေး ဗဟုသုတတွေ သွားဖတ်ရင်း ကလေးငယ်တွေရဲ့ ဗီဒီယိုဖိုင်တွေ သွားကြည့်ကြရအောင်။

  • VIA