News

POST TYPE

TIP

Facebook ပေါ်မှာ ဖတ်စရာ
12-Jan-2017 tagged as Facebook

အစားအသောက်ကောင်းတယ် ဆိုရင် ဝေးဝေးနီးနီး တကူးတက သွားစားကြတဲ့ သူတွေလည်း ရှိပါတယ်။

တစ်ဆင့်စကား တစ်ဆင့်နား ဆိုသလို ဘယ်ဆိုင်ကောင်းလဲဆိုပြီး မေးမြန်းကြတာမျိုးလည်း ရှိပါတယ်။

လူမှုကွန်ရက် ဖေစ့်ဘွတ်စာမျက်နှာမှာ အဲဒီလို ဆိုင်ကောင်းကောင်းလေးတွေကို Review လုပ်ထားတဲ့ စာမျက်နှာတွေလည်း အများကြီး ရှိပါတယ်။

#MyLann ဆိုတဲ့ စာမျက်နှာပါ။ MyLann ဆိုတာ ရန်ကုန်မြို့မှာရှိတဲ့ စားသောက်ဆိုင်တွေရဲ့ အချက်အလက်တွေကို စုံစုံလင်လင်၊ တိတိကျကျ ရှာဖွေတွေ့ရှိအောင် ကူညီပေးနေတယ်လို့ ဆိုထားတဲ့ အွန်လိုင်းစားသောက်ဆိုင် လမ်းညွှန်စာမျက်နှာ တစ်ခုပါ။

အဲဒီစာမျက်နှာမှာ ဆိုင်တစ်ဆိုင်ချင်းစီက နာမည်ကြီးတဲ့ အစားအသောက်တွေအကြောင်း သေချာရေးပြထားတဲ့အပြင် အေးအေးဆေးဆေး ထိုင်လို့ရတဲ့ ဆိုင်တွေ၊ အစားအသောက်ကောင်းတဲ့ ဆိုင်တွေ အကြောင်းလည်း စုစည်းဖော်ပြထားတာမို့ အစားကောင်းကြိုက်တဲ့သူတွေ ကြည့်ထားသင့်တဲ့ စာမျက်နှာတစ်ခုမို့ ပြောပြလိုက်တာပါ။

အဲဒါတွေအပြင် နာမည်ကြီး စားသောက်ဆိုင်တွေမှာ လုပ်နေတဲ့ အရောင်းမြှင့်တင်ပွဲတွေ၊ Discount ချတာတွေကိုလည်း လက်လှမ်းမီသလောက် စုစည်းပေးထားပါတယ်။

အစားအသောက် ခုံမင်သူတို့ရေ https://www.facebook.com/MyLannMyanmar/ ဆိုတဲ့ လင့်ကနေတစ်ဆင့် သွားဖတ်ကြည့်ပြီး ကိုယ်စားချင်တဲ့ ဆိုင်တွေကို ရွေးချယ်ကြရအောင်။