News

POST TYPE

TIP

သင့်အချစ်ရေးနဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ် မတင်သင့်တာ (၅) ခု
11-Jan-2017

(၁) သင့်ချစ်သူရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းအရာ
သူ့ရဲ့ဓာတ်ပုံပဲဖြစ်ဖြစ် ဘယ်လို အကြောင်းအရာပဲဖြစ်ဖြစ် သူ့ခွင့်ပြုချက် မရဘဲ လူမှုကွန်ရက်ပေါ် မတင်သင့်ပါဘူး။ သင်က သူ့ချစ်သူ ဖြစ်တဲ့အတွက် သူဘာပဲလုပ်လုပ် သင့်အမြင်မှာ ကြည့်လို့ကောင်းနေမှာ ချစ်စရာ ဖြစ်နေမှာဆိုပေမယ့် တခြားသူ အမြင်မှာ လှောင်ပြောင်စရာ ဖြစ်ချင် ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် ဘယ်လို အသေးအဖွဲ အကြောင်းအရာပဲဖြစ်ဖြစ် လူတကာ မြင်တွေ့နိုင်တဲ့ နေရာမျိုးမှာ ချပြတာမျိုးကိုတော့ သူကြိုက်ချင်မှ ကြိုက်မှာပါ။ ဒါကြောင့် သူနဲ့ ပတ်သက်တာ တစ်ခုခုတင်မယ်ဆိုရင် သူ့ခွင့်ပြုချက်ကို အရင် တောင်းသင့်ပါတယ်။

(၂) ရန်ဖြစ်နေတုန်း လူမှုကွန်ရက်မှာ ပေါက်ကွဲပြတာ
သင်တို့ နှစ်ယောက်ကြား ပြဿနာ ရှိနေတဲ့အခါ အချင်းချင်း စိတ်ဆိုးရန်ဖြစ်နေတဲ့အခါ သူ့မကောင်းကြောင်းတွေနဲ့ ပြဿနာ ဖြစ်ရတဲ့ အကြောင်းအရာတွေကို မတင်သင့်ပါဘူး။ ဘယ်လောက်ပဲ ပေါက်ကွဲချင်ပေမယ့် သင့်ဘက်က မှန်တဲ့အကြောင်း ဘယ်လိုပဲ သက်သေပြချင်ပေမယ့် သင့်စိတ်ကို သင် ချိုးနှိမ်ထားပါ။ ဒီလိုတင်ခဲ့ရင် သင်ချစ်သူအတွက် နစ်နာစေသလို နှစ်ယောက်လုံးအတွက် သိက္ခာကျစရာတွေ ထိခိုက်မှုတွေ ရှိလာပါလိမ့်မယ်။

(၃) နမ်းနေတဲ့ ဓာတ်ပုံ
သင်ကတော့ သင်ချစ်ရတဲ့သူနဲ့ တွေ့ရလို့ ပျော်ရွှင်နေမှာ ဖြစ်ပေမယ့် သင့်လောက် ကံမကောင်းတဲ့အတွက် အထီးကျန်နေသူတွေ ရှိနေနိုင်ပါတယ်။ သင်တို့ နှစ်ယောက် အနမ်းပေးနေတဲ့ပုံဟာ အထီးကျန်နေတဲ့ သင့်သူငယ်ချင်းအတွက်တော့ စိတ်အားငယ်စရာပါပဲ။ နောက်ပြီး ဒီလိုပုံတွေ ခဏခဏ တင်နေရင် ကျန်တဲ့သူတွေ အတွက်လည်း မျက်ခုံးပင့်စရာ ဖြစ်လာပါလိမ့်မယ်။

(၄) ဈေးကြီးတဲ့ လက်ဆောင်ပစ္စည်းဓ ာတ်ပုံ
သင့်ချစ်သူက အဖိုးတန် လက်ဆောင်ပစ္စည်းတွေ ပေးတဲ့အခါ သိပ်ဝမ်းသာပြီး သူငယ်ချင်းတွေကို ကြွားချင်စိတ်တွေ ဖြစ်လာမှာ အသေအချာပါပဲ။ ဒါပေမဲ့ ငွေကြေး အခက်အခဲနဲ့ ရင်ဆိုင်နေရသူတွေ ရုန်းကန်နေရသူတွေက အများစု ဖြစ်တာကြောင့် လူမှုကွန်ရက်ပေါ် ထုတ်ကြွားတာဟာ သူတို့ကို ကိုယ်ချင်းမစာရာ ရောက်ပါတယ်။

(၅) ဘယ်လို လမ်းခွဲလိုက်တယ်ဆိုတဲ့အကြောင်း
သင်တို့ နှစ်ယောက် လမ်းခွဲတဲ့အခါ ဘယ်လို လမ်းခွဲတယ်ဆိုတဲ့အကြောင်း လူမှုကွန်ရက်ပေါ် အသေးစိတ် မတင်သင့်ပါဘူး။ သင်က သူ့ကို ထားခဲ့တာပဲဖြစ်ဖြစ် သူက သင့်ကို ထားခဲ့တာပဲဖြစ်ဖြစ် လူတကာ မသိသင့်ပါဘူး။ ဒီလိုတင်ခဲ့ရင် သင့်အတွက်ရော သူ့အတွက်ပါ ရှေ့ဆက်မယ့် ဘဝခရီးမှာ အဖုအထစ်တွေ ရှိလာနိုင်ပါတယ်။

Ref : rd.com


  • VIA