News

POST TYPE

TIP

Facebook ပေါ်မှာ ဖတ်စရာ
09-Jan-2017 tagged as Facebook


ဆံပင်ပုံစံဟာ လူတစ်ယောက်ရဲ့ ပုံစံကို အမျိုးမျိုး ပြောင်းလဲစေနိုင်ပါတယ်။ ကိုယ့်ရဲ့ ဒီဇိုင်းကို ပြောင်းလဲလိုက်ချင်တဲ့သူတွေက အများအားဖြင့် ဆံပင်ပုံစံကို ပြောင်းလဲလိုက်ကြတာ များပါတယ်။

အဲဒီလိုပဲ အမျိုးသမီး တော်တော်များများဟာ ပွဲနေပွဲထိုင်ရှိတဲ့ အခါမျိုးတွေမှာ ဆိုရင်လည်း ကိုယ့်ရဲ့ဆံပင်ကို အမျိုးမျိုး ပြုပြင်လေ့ ရှိကြပါတယ်။ ဘွဲ့၊ မင်္ဂလာပွဲ၊ မွေးနေ့ စတဲ့ အခမ်းအနားမျိုးတွေမှာ ဆံပင် ပြုပြင်ဖို့ကို ဆိုင်အပ်ထားလေ့ ရှိပေမယ့် သာမန်ပွဲမျိုးတွေ ဆိုရင်တော့ ကိုယ်တိုင်ပြင်လေ့ ရှိကြပါတယ်။

အဲဒီလို ကိုယ်တိုင် ပြင်လေ့ရှိကြတဲ့ အမျိုးသမီးတွေအတွက် ဆံပင်ပြင်နည်းတွေ ပြောပြပေးနေတဲ့ စာမျက်နှာ တစ်ခုကို ပြောပြချင်ပါတယ်။

YuYuBeauty ဆိုတဲ့ စာမျက်နှာပါ။

ဒီစာမျက်နှာမှာ ပွဲတက်ဖို့အတွက် သင့်တော်တဲ့ ဆံထုံးပုံစံ အမျိုးမျိုးအပြင် တခြား ပုံစံ အမျိုးမျိုးကိုလည်း ဖော်ပြပေးထားတဲ့အတွက် အလှအပ စိတ်ဝင်စားကြတဲ့ အမျိုးသမီးတွေ သွားရောက် ဖတ်ရှုနိုင်အောင် ပြောပြလိုက်တာပါ။

ပြုလုပ်ပုံ တစ်ဆင့်ချင်းစီကို အသေးစိတ် တစ်ပုံချင်း ပြသထားတဲ့အပြင် ပြည့်ပြည့်စုံစုံ ရှင်းရှင်းလင်းလင်းလည်း ရေးသားပေးထားပါသေးတယ်။ ဒီစာမျက်နှာမှာ ဆံပင် ဆင်ယင် ထုံးဖွဲ့နည်းတွေကို ပုံတွေနဲ့တင် မဟုတ်ဘဲ ဗီဒီယိုဖိုင်တွေနဲ့ပါ ပြသပေးထားတာမို့ စမ်းသပ် လုပ်ကြည့်ချင်တဲ့သူတွေအတွက် အဆင်ပြေစေနိုင်မှာပါ။

တကယ်လို့ ဒီစာမျက်နှာကို သွားချင်တယ်ဆိုရင် YuYuBeauty ဆိုပြီး ရိုက်ရှာလို့ ရနိုင်တဲ့အပြင် https://www.facebook.com/yuyubeauty.myanmar/ ဆိုတဲ့ လင့်ကနေတစ်ဆင့် သွားရောက် ဖတ်ရှုနိုင်ပါတယ်။