News

POST TYPE

TIP

ကော်ဖီဟာ စိတ်ဓာတ် ကျဆင်းမှုကို သက်သာစေ
09-Jan-2017 tagged as


ကော်ဖီ ကြိုက်ပေမယ့် ကဖင်းဓာတ်ရဲ့ ဘေးထွက် ဆိုးကျိုးတွေကို စိုးရိမ်နေသူတွေအတွက် သောက်ဖို့ရမယ်ရှာစရာ အကြောင်းပြချက်ကောင်း တစ်ခုရပါပြီ။

ကဖင်းဓာတ်ဟာ နိုးကြားမှုကို ပေးရုံသာမကဘဲ စိတ်ရွှင်လန်း တက်ကြွစေတဲ့ အာနိသင်ကိုပါ ပေးစွမ်းတဲ့အတွက် စိတ်ဓာတ်ကျနေသူအတွက် အံ့သြစရာ ကောင်းလောက်အောင် အထောက်အကူ ပြုတယ်လို့ သိပ္ပံနည်းကျ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ အသေးစိတ် လေ့လာမှုပေါင်း ၁၂ ခုနဲ့ လူပေါင်းအယောက် သုံးသိန်းခွဲကို ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုမှာ စိတ်ကျဝေဒနာနဲ့ ပတ်သက်လို့ လူ ၈၀၀၀ ကို သီးသန့် စမ်းသပ်ခဲ့တာဖြစ်ပြီး ရလဒ်အနေနဲ့ ကဖင်းဓာတ် အထူးသဖြင့် ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာတ်ဟာ စိတ်ကျရောဂါကို ကာကွယ်နိုင်စွမ်းရှိကြောင်း တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ကော်ဖီတစ်ခွက်ဟာ စိတ်ကျရောဂါ ဖြစ်နိုင်ခြေကို (၈) ရာခိုင်နှုန်း လျှော့ချနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။

ဒါတင်မကသေးပါဘူး။ ဟားဗတ် တက္ကသိုလ်က သုတေသန ပညာရှင်တွေ ၁၀ နှစ်ကြာအောင် အမျိုးသမီး ၅၁၀၀၀ ကို ပြုလုပ်ခဲ့တဲ့ သုတေသနမှာလည်း တစ်နေ့ကို ကော်ဖီ လေးခွက်နဲ့အထက် သောက်တဲ့ အမျိုးသမီးတွေဟာ စိတ်ကျရောဂါ ဖြစ်ဖို့ ၂၀ ရာခိုင်နှုန်း နည်းတာကို တွေ့ရှိခဲ့ပါသေးတယ်။

ဒါပေမဲ့ ကော်ဖီသောက်တာ များလွန်းရင်လည်း ဘေးထွက်ဆိုးကျိုးတွေ ခံစားရမှာမို့ ကိုယ့်ရဲ့ အနေအထားကို ချင့်ချိန်ဖို့တော့ လိုပါလိမ့်မယ်။

ကဖင်းဓာတ် များလွန်းတဲ့အခါ စိတ်ဂဏာမငြိမ်တာ၊ ခေါင်းကိုက်တာ၊ အနားမရတာနဲ့ သွေးပေါင်ချိန် တိုးတာတွေ ဖြစ်နိုင်ပါတယ်။

Ref : rd.com

  • TAGS