News

POST TYPE

TIP

Facebook ပေါ်မှာ ဖတ်စရာ
30-Dec-2016 tagged as Facebook

အင်တာနက်သုံးရင်း ဟင်းချက်နည်းတွေလည်း သိချင်တယ်၊ အိမ်သုံးပစ္စည်းတွေရဲ့ ဆေးဖက်ဝင်ပုံတွေလည်း သိချင်တယ်၊ ဆရာဝန်ကြီးတွေ ရေးတဲ့ ဆောင်းပါးတွေလည်း ဖတ်ချင်တယ်ဆိုရင် ဖေစ်ဘွတ်စာမျက်နှာ တော်တော်များများကို လိုက်ကြည့်နေရမှာပါ။

အဲ့ဒီလို လိုက်မကြည့်ချင်ဘူး ဆိုရင်လည်း အဲ့ဒီအရာတွေ အားလုံးကို စုစည်းဖော်ပြနေတဲ့ စာမျက်နှာတစ်ခုကို ပြောပြချင်ပါတယ်။

#DATA_Doctor ဆိုတဲ့ စာမျက်နှာပါ။

အဲ့ဒီစာမျက်နှာမှာ ဟင်းချက်နည်းတွေ၊ အလွယ်တကူ အသုံးပြုလို့ရတဲ့ အလှအပဆိုင်ရာ နည်းလမ်းတွေ၊ အလွယ်တကူ သုံးလို့ရတဲ့ အိမ်သုံးဆေးဝါးတွေ အကြောင်း စုစည်းထားတဲ့ စာမျက်နှာတစ်ခုပါ။

အဲဒီလို အကြောင်းအရာတွေတင်မက ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေ၊ ကာကွယ်ဆေးတွေ အကြောင်း၊ အာရုံကြောရောဂါတွေ အကြောင်း၊ စတဲ့ စတဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗဟုသုတရဖွယ် အကြောင်းအရာတွေကိုလည်း မျှဝေပေးထားပါတယ်။

ဒီလိုဗဟုသုတ ရစေနိုင်တဲ့ အကြောင်းအရာတွေတင်မကဘဲ ရုပ်ရှင်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဟာသတွေကိုလည်း စုစည်းထားသေးတာမို့ အကြောင်းအရာအစုံကို တစ်နေရာတည်းမှာပဲ ဖတ်ရှုနိုင်မယ့် စာမျက်နှာတစ်ခုပါ။

Search bBox ထဲမှာ #DATADoctor လိုက်ရိုက်ရှာနိုင်တဲ့အပြင် https://www.facebook.com/DATA.DoctorMyanmar/ ဆိုတဲ့ လင့်ကနေတစ်ဆင့်လည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်။

ကဲ မိတ်ဆွေတို့ရေ ကိုယ့်ဖုန်းလေးထဲကို ပိုက်ဆံလေးဖြည့်၊ အင်တာနက်လေးဖွင့်ပြီး ဖတ်ကြည့်ကြရအောင်။