News

POST TYPE

TIP

Facebook ပေါ်မှာ ဖတ်စရာ
28-Dec-2016


ဒီဇင်ဘာ၊ ဇန်နဝါရီ နှစ်လပေါင်းမှာ ပိတ်ရက် အများကြီးရကြတဲ့ သူတွေ ရှိကြပါတယ်။ ဒီလို တစ်နှစ်မှ တစ်ခါ ပိတ်ရက်ရတဲ့ အချိန်လေးမှာ ခရီးလေး တစ်ခုလောက် သွားဖို့ စီစဉ်နေကြတဲ့သူတွေလည်း ရှိမှာပါ။

ဒီလို ခရီးတစ်ခုလောက် သွားမယ်ဆိုရင် ဘယ်ကိုသွားမယ်၊ ဘာတွေ လိုအပ်မလဲ စတာစတာတွေလည်း အများကြီးပါ။ ကိုယ်က တစ်ယောက်တည်း သွားမယ်ဆိုရင်လည်း တစ်ယောက်တည်း အလျောက်၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ဆိုလည်း သူတို့နဲ့ အလျောက် လိုအပ်တာတွေ ရှိပါတယ်။ ကြိုတင် စီစဉ်ထားရမှာတွေ၊ ဘယ်လိုသွားမလဲဆိုတဲ့ လမ်းကြောင်း ဆုံးဖြတ်မှုတွေ လိုအပ်ပါတယ်။

ခုပြောပြမယ့် Travel_Kueen ဆိုတဲ့ စာမျက်နှာကတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်စည်းပေးထားတဲ့ စာမျက်နှာပါ။

ဒီစာမျက်နှာမှာ ရေးသားထားတဲ့ ခရီးစဉ်တွေဆိုရင် ဘယ်မှာ တည်းလို့ရတယ်၊ ဘယ်လို သွားရတယ် စတာတွေကအစ ခရီးစဉ် တစ်ခုစီအတွက် လိုအပ်တာတွေ တော်တော်များများကို ပြောပြပေးထားပါတယ်။ ဘယ်လို လမ်းကြောင်းတွေနဲ့ သွားသင့်တယ်၊ ဘယ်ကနေ သွားတာ အဆင်ပြေတယ်၊ စတာတွေကိုလည်း ပြောပြထားတဲ့အတွက် ခရီးသွားဖို့ စီစဉ်နေကြတဲ့ သူတွေအတွက် အဆင်ပြေစေမှာပါ။

အားလပ်ရက်မှာ ခရီးတစ်ခုလောက် သွားချင်နေပေမယ့် ဘယ်သွားရမှန်း မသိတာ၊ ဘယ်လိုသွားရမှန်း မသိတာတွေကြောင့် စိတ်ရှုပ်နေရတဲ့ သူတွေအတွက် ပြောပြပေးလိုက်တာပါ။

ထုံးစံအတိုင်း Search Box မှာ Travel Kueen လို့ ရိုက်ထည့်ပြီးတော့ပဲ ဖြစ်ဖြစ်၊ https://www.facebook.com/ktyoshe/ဆိုတဲ့ လင့်ကနေတစ်ဆင့် သွားရောက် ကြည့်ရှုနိုင်ပါတယ်။

  • VIA