News

POST TYPE

TIP

ပိုမိုဘေးကင်းသော လမ်းမများဆီသို့
ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံရဲ့ လမ်းမတွေမှာ ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်နေကြတာ ကြားနေကြရမှာပါ။

ခုပြောချင်တာကတော့ မြန်မာနိုင်ငံရဲ့ လမ်းမတွေ ပိုမိုဘေးကင်းစေဖို့ အတူလက်တွဲ ပါဝင်ကြပါစို့လို့ ကြွေးကြော်ထားတဲ့ စာမျက်နှာတစ်ခုကိုပါ။

အဲ့ဒီစာမျက်နှာမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ အကြောင်းကို လူအများ နားလည်လွယ်အောင် ပြောပြထားပါတယ်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေအကြောင်း ပြောပြထားတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ ဗီဒီယိုဖိုင်တွေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်တဲ့ သတင်းတိုတွေ၊ အမေးအဖြေ အစီအစဉ်တွေလည်း စုစည်းဖော်ပြထားတဲ့ စာမျက်နှာတစ်ခုပါ။

အဲ့ဒီစာမျက်နှာမှာ တင်ထားတဲ့ ဗီဒီယိုဖိုင်တွေကလည်း လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ပြောပြထားတာမျိုး ဆိုပေမယ့် ချစ်စဖွယ်ကောင်းပြီး စိတ်ဝင်စားဖို့ ကောင်းတာမို့ သွားရောက်ကြည့်ရှုနိုင်အောင် ပြောပြလိုက်တာပါ။

#MakingMyanmarRoadsSafer ဆိုပြီး ဖေစ်ဘွတ်ရဲ့ Search Box မှာ ရိုက်ထည့်လိုက်မယ်ဆိုရင် အလွယ်တကူ ရှာတွေ့မှာဖြစ်ပါတယ်။ ဒါ့အပြင် https://www.facebook.com/RoadSafetyMyanmar/ ဆိုတဲ့ လင့်ကနေတစ်ဆင့်လည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။

ကဲ မိတ်ဆွေတို့ရေ ....မြန်မာနိုင်ငံရဲ့ လမ်းမတွေ ပိုမိုဘေးကင်းဖို့ အတူလက်တွဲ ပါဝင်ကြပါစို့။