News

POST TYPE

TIP

Facebook ပေါ်မှာ ဖတ်စရာ
20-Dec-2016


Facebook ပေါ်က တိရစ္ဆာန်ချစ်သူတွေ စုစည်းနေကြတဲ့ နေရာ တစ်ခုကို ပြောပြချင်ပါတယ်။တိရစ္ဆာန် ချစ်သူ တော်တော်များများတော့ သိပြီးသားဖြစ်ကြမှာဆိုပေမယ့် မသိကြသေးတဲ့သူတွေအတွက် ပြောပြပေးတာပါ။

#တိရစ္ဆာန်ချစ်တတ်သူများ, People who love and kind to animals ဆိုတဲ့ Facebook Group လေးပါ။

ဒီဂရုထဲမှာ ကိုယ်ပြုစုစောင့်ရှောင့်ထားတဲ့ တိရစ္ဆာန်လေးတွေရဲ့ ချစ်စဖွယ်ပုံလေးတွေ၊ ပတ်ဝန်းကျင်မှာ အကူအညီ လိုအပ်နေတဲ့ တိရစ္ဆာန်တွေအကြောင်း၊ ကူညီပေးနေကြတဲ့ အဖွဲ့အစည်းတွေအကြောင်း စသလို အကြောင်းအရာစုံ ဝင်ရောက် ရေးသားလေ့ ရှိကြပါတယ်။

တကယ်လို့ ကိုယ်ကလည်း ကိုယ့်အိမ်မှာ ကျွေးမွေး စောင့်ရှောက်ထားတဲ့ တိရစ္ဆာန်လေးတွေ နေမကောင်းတာ၊ အခက်အခဲ တစ်ခုခု ရှိတာဆိုရင်လည်း အဲ့ဒီဂရုထဲမှာ ပိုစ့်တင်ပြီး မေးမြန်းတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

ဒီဂရုကို ဘယ်လို ရှာရမလဲ။ လွယ်ပါတယ် အရင်လိုပါပဲ Search Box ထဲမှာ တိရိစ္ဆာန်ချစ်တတ်သူများ, People who love and kind to animals လို့သာ ရိုက်ထည့်လိုက်ပါ။

ဒါမှမဟုတ်ရင်လည်း https://www.facebook.com/groups/AnimalLoverTeam/?ref=nf_target&fref=nf ဆိုတဲ့ လင့်ကနေတစ်ဆင့် သွားရောက်ကြည့်ရှုနိုင်ပါတယ်။

  • VIA