News

POST TYPE

TIP

မနက်မနက် နောက်ကျတတ်သူတွေ အမြန်ဆုံး ပြင်ဆင်ပြီးစေဖို့
20-Dec-2016


(၁) အဝတ်အစား ကြိုရွေးပါ
မနက်ကျ ဝတ်သွားမယ့် အဝတ်အစားကို ညကတည်းက ရွေးပြီး ကြိုထုတ်ထားပါ။ ထီး၊ ဖိနပ်၊ အနွေးထည် စတာတွေကိုလည်း တစ်ခါတည်း ထုတ်မယ်ဆိုရင် မနက်ကျ မကသီတော့ဘူးပေါ့။

(၂) ဖုန်းမကြည့်ပါနဲ့
ဖုန်းကို ကြည့်ကြည့် မနေပါနဲ့။ အီးမေးလ် စစ်ဖို့ပဲဖြစ်ဖြစ် တခြား သိချင်တာရှိလို့ပဲဖြစ်ဖြစ် ရုံးရောက်မှလုပ်ပါ။ အပြင်ထွက်ဖို့ ပြင်ရင်းဆင်ရင်းက ဖုန်းကို ကြည့်ကြည့် နေမယ်ဆိုရင် နောက်ကျတော့မှာ အသေအချာပါပဲ။

(၃) ရုံးအလုပ် ကြိုမလုပ်ပါနဲ့
ရုံးအလုပ်တွေကို ရုံးရောက်မှလုပ်ပါ။ အီးမေးလ် ပြန်စရာ အကြောင်း ပြန်စရာတွေကို ရုံးမှာလုပ်ဖို့ အချိန် ရှိပါလိမ့်မယ်။ မနက်ဘက်အချိန်ကိုတော့ ကိုယ့်အတွက်ပဲ သုံးပါ။

(၄) စာရင်း လုပ်ပါ
မနက်ဘက်မှာ လုပ်ရမယ့် ကိစ္စတွေကို ညဘက်မှာ ဖုန်းနဲ့ စာရင်း လုပ်ထားပါ။ To-do list လို့ခေါ်တဲ့ ဖုန်းနဲ့ စာရင်းလုပ်တဲ့ အက်ပလီ ကေးရှင်းလေးတွေကို အလွယ်တကူ အခမဲ့ ဒေါင်းလုတ်ဆွဲလို့ ရပါတယ်။

(၅) ရေအဝသောက်ပါ
အိပ်ရာ ထတာနဲ့ ရေအဝသောက်ပါ။ ရေဓာတ်ပြည့်ဝပြီး လန်းလန်းဆန်းဆန်း ဖြစ်သွားတဲ့အတွက် လုပ်စရာ ရှိတာတွေကို ပိုဖျတ်ဖျတ်လတ်လတ် လုပ်နိုင်တာကြောင့် အမြန်ဆုံး ပြင်ဆင်ပြီးပါလိမ့်မယ်။

(၆) ရုံးမှာစားပါ
မနက်စာကို ရုံးရောက်မှပဲ ထွက်စားလိုက်ပါ။ မနက်စာအတွက် အိမ်မှာ ပြင်ဆင်နေရတာက တော်တော်လေး အချိန် ကုန်ပါတယ်။

(၇) အချိန် သတ်မှတ်ပါ
အားလုံးကို အချိန် အတိအကျ သတ်မှတ်ပြီး လုပ်ပါ။ ဘယ်နှမိနစ်ကြာရင် ရေချိုးမယ်၊ အဝတ်အစား လဲမယ်ကအစ ဖုန်းနဲ့ Alarmတွေ ပေးထားပါ။

(၈) နာရီကို စောထားပါ
သင့်ဆီမှာ ရှိသမျှ နာရီတွေ အားလုံးကို ဆယ့်ငါးမိနစ်လောက် ရှေ့ကို ရွှေ့ထားပါ။ ဒါပေမဲ့ နာရီကို စောထားတာပဲဆိုပြီး သင့်ကိုယ်သင် ဆင်ခြေ မပေးမိအောင်တော့ သတိပြုပါ။

Ref : success.com

  • VIA