News

POST TYPE

TIP

ခရီးမကြာခဏ ထွက်သူများ အလုပ်မှာ ပိုအောင်မြင်ရတဲ့ အကြောင်းရင်း (၅) ချက်
26-Nov-2016
လက်ရှိဘဝမှာ အောင်မြင်နေသူတွေ ဘာလုပ်လေ့ ရှိကြလဲ ဆိုတဲ့ အကြောင်းအရာဟာ အမြဲတမ်း ဆွေးနွေးလို့ မကုန်နိုင်တဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ ဒါပေမယ့် အောင်မြင်မှုကို လူတိုင်းမရနိုင်ဘူး ဆိုတာတော့ သေချာလှပါတယ်။

ခရီးထွက်ခြင်းဟာ စိတ်ကျန်းမာရေး၊ ခန္ဓာကိုယ် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုတဲ့ အရာပါ။ ခရီးမကြာခဏ ထွက်သူတွေက အောင်မြင်နိုင်ချေ ပိုများတယ် ဆိုတာကို သက်သေပြနေတဲ့ အချက် (၅) ချက် ရှိပါတယ်။

၁။ မရင်းနှီးတဲ့ ပတ်ဝန်းကျင်

ခရီးမကြာခဏ ထွက်သူတွေဟာ ကိုယ်နဲ့မရင်းနှီးတဲ့ ပတ်ဝန်းကျင်မှာ ဘယ်လိုနေထိုင်ရမလဲ ဆိုတာ အခြားသူတွေထက် ပိုပြီးသိကြပါတယ်။ မရေမတွက်နိုင်တဲ့ အတွေ့အကြုံအသစ်တွေ ကြားထဲမှာ အဆင်ပြေအောင် နေထိုင်တတ်ကြသူတွေပါ။ မရင်းနှီးတဲ့ ပတ်ဝန်းကျင်မှာ အဆင်ပြေအောင် နေထိုင်နိုင်မှုနဲ့ စိတ်အေးအေးထားတတ်မှုဆိုတဲ့ စွမ်းရည်နှစ်ခုက အလုပ်မှာ အောင်မြင်စေတဲ့ အရာတွေ ဖြစ်ပါတယ်။

၂။ အပြောင်းအလဲကို လက်ခံ

အပြောင်းအလဲကို လက်ခံနိုင်ကြသူတွေ ဖြစ်ပါတယ်။ လက်ရှိအခြေအနေနဲ့ အဆင်ပြေသူတွေက ဒီထက်ပိုကောင်းလာနိုင်တဲ့ အပြောင်းအလဲကို လက်မခံနိုင် ဖြစ်တတ်ကြပါတယ်။ ခရီးထွက်ရတာ ကြိုက်သူတွေကတော့ အပြောင်းအလဲကို ကြိုဆိုပြီး ဆန်းသစ်တဲ့ စိတ်ကူးဉာဏ်တွေ ထုတ်နိုင်ကြပါတယ်။

၃။ ခံစားချက်ကို ထိန်းနိုင်သူများဖြစ်

ခရီးထွက်တဲ့အခါတိုင်း အဆင်ပြေနေတာမျိုးတော့ မဟုတ်ပါဘူး။ ရိုင်းစိုင်းပြီး မပျူငှာတဲ့ ဟိုတယ်ဝန်ထမ်းတွေ၊ လေဆိပ်ဝန်ထမ်းတွေ၊ လမ်းခရီး အတူသွားရသူတွေကြောင့် စိတ်မချမ်းမြေ့ရတာမျိုး ဖြစ်တတ်ပါတယ်။ ခရီးမကြာခဏ ထွက်တတ်သူတွေက ဒီလိုအတွေ့အကြုံတွေကြောင့် ကိုယ့်ခံစားချက်ကို ပိုပြီးထိန်းနိုင်သွားပါတယ်။

၄။ အကြောက်တရားကို ရင်ဆိုင်နိုင်

လူအားလုံး တစ်ခုမဟုတ် တစ်ခုတော့ ကြောက်တတ်ကြပါတယ်။ ခရီးထွက်သူတွေလည်း နယ်မြေအသစ် ရောက်တဲ့အခါ အကြောက်တရာ တစ်ခုတော့ ရှိလာတတ်ပါတယ်။ နောက်ပြန်လှည့်လို့ မရတဲ့ အခြေအနေမှာတော့ အကြောက်တရားကို ရင်ဆိုင်လိုက်ဖို့ပဲ ရှိတာပါ။ ခရီးထွက်သူတွေက အကြောက်တရားကို ကောင်းကောင်း ရင်ဆိုင်ကျော်ဖြတ်နိုင်ပါတယ်။

၅။ ညှိနှိုင်းဆွေးနွေးမှု အားကောင်း

ခရီးမကြာခဏ ထွက်သူတွေထံမှာ ဒီစွမ်းရည် ရှိနေတတ်ပါတယ်။ သူတို့လိုချင်တဲ့ အရာကို စကားကောင်းကောင်း ပြောပြီး ယူနိုင်တဲ့ စွမ်းရည်ပါ။ ဖိအားမပေးပဲ မခြိမ်းခြောက်ပဲ အေးအေးဆေးဆေး ညှိနှိုင်းပြီး လိုချင်တာကို ရယူတတ်တဲ့ စွမ်းရည်မှာ အလုပ်မှာ အခြားသူတွေအပေါ် သြဇာလွှမ်းနိုင်စွမ်း ရှိပါတယ်။

Ref: Huffington Post