News

POST TYPE

TIP

ချောက်တွင် အင်္ဂလိပ်၊ ဂျပန်ဘာသာစကားနှင့် ပန်းချီသင်တန်းဖွင့်
04-May-2019

ချောက်၊ မေ ၄

ချောက်မြို့တွင် ဘွဲ့ရများ၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုထားသူများ၊ အထက်တန်း၊ အလယ်တန်း ကျောင်းသားများအတွက် အင်္ဂလိပ်ဘာသာစကား၊ ဂျပန်ဘာသာစကားနှင့် ပန်းချီသင်တန်းကို သတ္တမအကြိမ်မြောက်အဖြစ် မေလ ၄ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။

အင်္ဂလိပ်နှင့် ဂျပန်ဘာသာစကားပြောသင်တန်းကို ၂၀ ရက်ကြာ၊ ပန်းချီ သင်တန်းကို ၁၅ ရက်ကြာ ဖွင့်ခြင်းဖြစ်ပြီး သင်တန်းသို့ ဘွဲ့ရ ၃၀ ကျော်၊ ဆယ်တန်းဖြေထားသူ ၇၀ ကျော်၊ ထက်/လယ်/မူ ကျောင်းသား ၆၅ ဦး စုစုပေါင်း ၁၆၅ ဦး သင်တန်းတက်လျက်ရှိသည်။ 

သင်တန်းဦးဆောင်ဖွင့်သည့် ချောက်မြို့ NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးရာမြင့်က “ပညာတတ်ပြီးရုံမဟုတ်ဘဲ နည်းပညာ၊ ကွန်ပျူတာနဲ့ ဘာသာစကားတွေက အဓိက အရေးကြီးနေပါတယ်။ ဒါကြောင့် ကျောင်းသား၊ လူငယ်တွေကို ဘာသာစကား စုံလင်အောင် သင်ပေးခြင်းဖြစ်ပါတယ်”ဟု ပြောကြားသည်။

ဝင်ခွင့်အတွက် တစ်ဦးကျပ် ၄၀၀၀ ပေးရသော်လည်း သင်တန်းကြေး ထပ်မံ ပေးသွင်းရခြင်းမရှိဘဲ မိမိတက်နေသည့်အတန်းအပြင် အခြားအတန်းသို့လည်း တက်ရောက်သင်ယူနိုင်သည်။ ယင်းမြို့ NLD ပါတီက ၂၀၁၃ ခုနှစ်မှစပြီး နွေရာသီတွင် ဘာသာစကားပြောသင်တန်းကို နှစ်စဉ်ဖွင့်ပေးခဲ့ရာ ယခုနှစ်မှာ ခုနစ်ကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်သည်။

R-24