News

POST TYPE

TIP

ကိုယ်ပူဖျားခြင်း သိထားသင့်သောအချက်များ (Fever)
05-Jun-2018


လူ့ခန္ဓာကိုယ် အပူချိန် ၃၇ ဒီဂရီဂရိတ်၊ ၉၈ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်ထက် မြင့်မားတဲ့ အပူချိန်ကို ကိုယ်ပူဖျားနာခြင်းလို့ ယေဘုယျခံယူထားပါတယ်။ ပါးစပ်က တိုင်းတာလို့ရတဲ့ အပူချိန်ပြဋ္ဌာန်း ထားတာဖြစ်ပြီး ချိုင်းကြားညှပ်ပြီး တိုင်းတာကို တစ်မိနစ်ပြည့် ထားရှိတဲ့အပူချိန်ကို တစ်ဒီဂရီပေါင်းထည့်ပေးရတယ်။ စအိုကတိုင်းတာရင် တစ်ဒီဂရီ နုတ်ပေးရမယ်။ ကိုယ်ပူ၊ ဖျားခြင်းနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်ခြောက်ချက်ရှိပါတယ်။

(၁) ၃၇ ဒီဂရီစင်တီဂရိတ် (၉၈ ဒသမ ၄) ဒီဂရီ ဖာရင်ဟိုက်ဟာ ခန္ဓာကိုယ်ရဲ့ မူမှန်အပူချိန်လို့ခေါ်ကြတယ်။

ခန္ဓာကိုယ်ရဲ့ သဘာဝဇီဝကမ္မစည်းချက်က နေ့စဉ် အချိန်လိုက် အပူချိန်ပြောင်းလဲမှု လှုံ့ဆော်နေတယ်။ကလေးများဟာ လူကြီးတွေထက် ပုံမှန်အပူချိန်များတတ်တယ်။ ကလေးဖျားရင် ကိုယ်အပူချိန် ပိုမြင့်မားကြတယ်။ 

ရိုးရိုးလှုပ်ရှားမှုမှာ အပူချိန်မြင့်တက်တယ်။ အဝအပြဲစားထားတဲ့အစာကို အစာချေရခြင်း၊ နေရောင်ထဲနေခြင်း၊ ကလေးတွေမှာ တာရှည်စွာငိုခြင်း၊ ကာယလေ့ကျင့်ခန်းတွေမှာ ခန္ဓာကိုယ်အပူချိန် (၄၁ ဒသမ ၃) ဒီဂရီစဲလ်ဆီးယပ်ထက် ပိုမိုဖို့ခဲယဉ်းပါတယ်။

ဦးနှောက်ရဲ့အပူချိန်ကို ထိန်းညှိတဲ့ ဟိုက်ပိုသာ လမတ် (Hypothalamus) မှာ ဒဏ်ရာ သို့မဟုတ် အကျိတ်ရှိခြင်း ပိုပြီးဖြစ်လေ့ရှိတာမှာ ခန္ဓာကိုယ်တွင်း အင်္ဂါများ ထိခိုက်မှုမရှိစေဖို့နဲ့ သေဆုံးခြင်းမရှိစေဖို့ အလျင်အမြန်ကုသရတဲ့ အပူလျှပ်ခြင်း (Heart Stroke) တို့ဖြစ်တယ်။

(၂) အပူချိန်ကျစေဖို့ ဆေးဝါးသုံးစွဲခြင်းဟာ ဖျားနာမှု တာရှည်စေပါတယ်။

အဖျားရောဂါရှိရင် သွေးဆဲလ်ကလာပ်စည်းတွေက ချင်းနင်းဝင်ရောက်သူကို သတိထားမိတဲ့အခါ ယင်းက ဟိုက်ပိုသာလမတ်သွားမယ့် အသားဓာတ် (ပရိုတိန်း) ကို ထုတ်လုပ်တယ်။ ဒီနည်းနဲ့ ကိုယ်အပူချိန် မြင့်တက်စေဖို့ ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းစနစ်ကို ချက်ချင်းလုပ်ဆောင်စေတယ်။ ခန္ဓာကိုယ်က ယင်းဖြစ်စဉ်ကို အပူထုတ်ပေးခြင်းနဲ့တုံ့ပြန်တယ်။ မကြာခဏဆိုသလို ခိုက်ခိုက်တုန်ခြင်းနည်းနဲ့ အပူထုတ်ပေးတယ်။

“ခုခံမှုစနစ်ရဲ့လုပ်ဆောင်မှု အများအပြားဟာ အပူချိန်မြင့်မားရင် စွမ်းဆောင်ရည်မြင့်ပါတယ်”လို့ ဂျွန်ဟော့ကင်တက္ကသိုလ် ကလေးအထူးကု ဆရာဝန်တင်မိုသီဒိုရယ် (Timothy Doren) က ဆိုတယ်။ သူက “တချို့ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေက မြင့်တဲ့ အပူချိန်မှာ မပေါက်ပွားနိုင်ဘူး” ဆိုပါတယ်။

စမ်းသပ်ခန်းကြွက်တွေကို ဗက်တီးရီးယားထိတွေ့စေကာ ကိုယ်မပူစေဖို့ ကာကွယ်ပေးထားရာ အသက်ရှင်နိုင်ဖွယ်ရှိတဲ့ရောဂါနဲ့ စမ်းသပ်ခန်းကြွက်တွေ သေဆုံးသွားရတယ်။

ဒေါက်တာဒိုရယ်က ရေကျောက်ရောဂါ (Chicken Pox) ကလေးတွေ သုတေသနပြုပြီး တွေ့ရှိခဲ့ရာမှာ ကိုယ်ပူကျစေတဲ့ ပါရာစိတမော့စသည်ဖြင့် တိုက်ကျွေးခံရတဲ့ ကလေးတွေမှာ ကိုယ်ပူအတွက် ဆေးကုသမှုမခံယူတဲ့ ကလေးတွေထက် သက်သာပျောက်ကင်းဖို့ နေ့တစ်ဝက်ခန့် နှောင့်နှေးနေတယ်ဆိုတယ်။

(၃) ကိုယ်ပူဖျားခြင်းဟာ ပြင်းထန်တဲ့ဝေဒနာလို့ အဓိပ္ပာယ်ဖွင့်ဆိုဖို့ မလိုအပ်ပါ။

ကစားသန်တဲ့ ကလေးတစ်ယောက်မှာ အပူချိန် ၄၀ ဒီဂရီရှိတာထက်စာရင် တုံ့ပြန်မှုမရှိတဲ့ကလေးတစ်ယောက်မှာ အပူချိန် ၃၈ ဒသမ ၃ ဒီဂရီရှိတာပိုပြီး ဂရုစိုက်ရမယ်လို့ ကလေးအထူးကုက ဆိုတယ်။ လူနာရဲ့အခြေအနေနဲ့ လှုပ်ရှားနေပုံကြည့်သင့်တယ်။ ပြဒါးတိုင်တစ်ချောင်းတည်းနဲ့ အားမထားသင့်သည့် အချက်က မွေးကင်းစနဲ့ အနည်းငယ်ကြီးပြင်းလာတဲ့ ကလေးတွေမှာ အရေးကြီးပါတယ်။ ကလေးငယ်ရဲ့ ခုခံမှုစနစ်ဟာ အပြည့်အဝ မလှုပ်ရှားနိုင်သေးလို့ အလွန်ဖျားနာနေတဲ့တိုင် အလုပ်မလုပ်ကြောင်း မကြာခဏတွေ့ရတတ်ပါတယ်။ ကံကောင်းစွာနဲ့ သဘာဝတရားက ကိုယ်ပူဖျားရဲ့ အခြားညွှန်းကိန်းတွေ ပေးထားပါတယ်။ ဖျားနာနေတဲ့ကလေးဟာ မှိန်းနေ၊ ငေးငိုင်နေတတ်တယ်။ အသားအရေဖြူရော်နေပြီး ခြေလက်တွေ အေးစက်ကာ နေတတ်တယ်။ မကျန်းမာတဲ့ အနည်းငယ်ကြီးလာတဲ့ ကလေးတွေမှာ အားမရှိသလို ငိုက်မျဉ်းနေပြီး ဟန်ပန်ပြောင်းလဲနေပါတယ်။

(၄) အပူချိန်မြင့်တဲ့ အဖျားရောဂါတွေဟာ ဦးနှောက်ပျက်စီးခြင်း သို့မဟုတ် သေခြင်းဖြစ်ပေါ်ဖို့ခဲယဉ်းတယ်။

ဦးနှောက်ပျက်စီးတဲ့အန္တရာယ်နဲ့ နီးကပ်ဖို့ အပူချိန် ၄ ဒသမ ၃ ဒီဂရီစဲလ်ဆီးယပ်ကို ပြန်တက်သွားရမယ်။ ခဲယဉ်းပါတယ်။ လူနာတွေ စောင့်ကြည့်လေ့လာတဲ့အခါ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် သို့မဟုတ် စဲလ်ဆီးယပ်ထက် နည်းမယ်ဆိုရင် ဦးနှောက်ပျက်စီးမှုအပါအဝင် ပြင်းထန်တဲ့ အာရုံကြောဆိုင်ရာဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တယ်လို့ အများစုက တွေးထင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

မိဘဦးရေထက်ဝက်ကျော်က ပုံမှန်အပူချိန် ဖြစ်နိုင်ခြေရှိခဲ့ (၃၇) မှ ၃၇ ဒသမ ၇ ဒီဂရီစဲလ်ဆီးယပ် အတွင်းမှာ အပူကျဆေး (ပါရာစီတမော့) ပေးကြကြောင်း တွေ့ခဲ့ရတယ်။ ဆေးတိုက်လို့ အပူချိန် ၃၇ ဒီဂရီ စဲလ်ဆီးယပ်ထိကျမသွားရင် ဗျာများသွားတယ်။ မှန်ကန်တဲ့ဆေးပမာဏက အပူချိန် နှစ် သို့မဟုတ် သုံး ဒီဂရီလောက်သာကျသွားစေတယ်။ ဒါကြောင့် နဂိုက ၃၉ ဒသမ ၄ ဒီဂရီရှိနေရင် အများဆုံးမမျှော်လင့်နိုင်တာက (၃၇ ဒသမ ၇ ဒီဂရီ စဲလ်ဆီးယပ်ထိလျော့ကျဖို့ပဲ လို့ဆိုတယ်။

ကိုယ်အပူချိန်မြင့်တက်မှုကြောင့် ကြောက်လန့်မှုတွေ တုံ့ပြန်ဖို့ လူနာကိုသက်သာအောင် ကူညီပေးတာထက် အန္တရာယ်မဖြစ်သင့်ပါဘူး။

ဆိုလိုတာက အချို့ရောဂါတွေမှာ အပူချိန်မြင့် မားတတ်တာ သဘာဝဖြစ်လို့ ခန္ဓာကိုယ်ခုခံမှုစနစ် တကုတ်ကုတ်နေချိန်မှာ အပူချိန်မြင့်နေပြီး အဖျားကျစေဖို့ ဆေးမပေးသင့်ဘူးလို့ ဆိုလိုတာပါ။ တကယ်လို့ ခုခံတိုက်ခိုက်နေစဉ် အဖျားကျဆေးပေးလိုက်တဲ့အတွက် အဖျားကြာရှည်ခံစားရတတ်ပါတယ်။

(၅) ဖျားနေလျှင် ကိုယ်အပူချိန်ကို မကြာခဏတိုင်းဖို့ မသင့်ပါ။

အပူချိန်တိုင်းဖို့အချိန်က သင့်ရဲ့ကျန်းမာရေး စောင့်ရှောက်မှုပြောတဲ့အချိန်ပဲဖြစ်တယ်လို့ ကလေး အထူးကု ဒေါက်တာမိုက်ကယ်ရိုသင်းဘာချ် (Dr.Michad Rothemeberg) က ပြောတယ်။ ဆရာဝန် တစ်ယောက်အနေနဲ့ အပူချိန်တိုင်းခြင်းက ရောဂါရှာဖွေရေးဆိုင်ရာ သင်္ကေတလို့ သတ်မှတ်ကြောင်းသိရတယ်။

ရောဂါဝေဒနာကြောင့် ဖျားနာကြောင်းသိရှိဖို့ အပူချိန်တိုင်းကိရိယာ သာမိုမီတာမတိုင်းမီ တစ်နာရီနီးပါး အေးဆေးစွာနေဖို့လိုတယ်။ စအိုက အပူချိန်တိုင်းခြင်းဟာ ငယ်ရွယ်တဲ့ကလေးအတွက် ရည်ရွယ်တယ်။ ပါးစပ်က အပူချိန်တိုင်းခြင်းဟာ လူကြီးတွေအတွက် သင့်တော်တယ်။ ချိုင်းကြားမှ တိုင်းနိုင်တယ်။ ဆရာဝန်မပြောဘဲနဲ့ အပူတိုင်းဖို့ ဆေးတိုက်ဖို့ အိပ်နေတဲ့ လူတစ်ယောက်ကို မနှိုးသင့်ပါဘူး။ အိပ်စက်ခြင်းဟာ ဖျားနာတဲ့သူကို ကုသပေးနေခြင်းပဲဖြစ်တယ်။

(၆) ဖျားနေလျှင် အိပ်ရာထဲနေစရာမလိုပါ။

ကိုယ်ပူတက်ရင် မကြောက်လန့်သင့်ပါဘူး။ ကိုယ်ပူခြင်းကို နည်းလမ်းများစွာနဲ့ကျအောင် လုပ်ပေးလို့ ရပါတယ်။

ဒေါက်တာလွင်သန့်