News

POST TYPE

TIP

နမ္မတူတွင် ဗုံးသီးဟောင်းပေါက်၍ ကလေးငယ်တစ်ဦး သေဆုံး
လားရှိုး၊ မေ ၉ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာတွင် မေလ ၇ ရက်နေ့က ဗုံးသီးဟောင်းကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ကာ ကလေးငယ်တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

ယင်းနေ့ညနေ ၅ နာရီခန့်က ရထားလမ်းဘေးတွင်တွေ့ရသည့် ဗုံးသီးဟောင်းတစ်ခုကို ယူ၍ဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး သေဆုံးကာ နှစ်ဦးမှာ ဒဏ်ရာရရှိသဖြင့် လားရှိုးရှိဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း အဆိုပါ ရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်တွင် သေဆုံးခဲ့သည့် ကလေးနှင့် ဒဏ်ရာရကလေးနှစ်ဦးတို့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေကို မေလ ၈ ရက်နေ့က ပေးအပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နမ္မတူမြို့နယ်အတွင်း မကြာခဏ ဗုံးသီးဟောင်းများ တွေ့ရလေ့ရှိပြီး ဗုံးသီးပေါက်ကွဲခြင်းကြောင့် ကလေးသူငယ်များ ဒဏ်ရာရသေဆုံးမှုများ ရှိနေသည့်အတွက် နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကလေးငယ်များကို မိုင်းအသိပညာပေးခြင်း ပိုမိုပြုလုပ်သင့်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။ 

R-07