News

POST TYPE

TIP

အိမ်နီးချင်းကောင်းတွေမှာ ရှိတဲ့ စရိုက် လက္ခဏာ ၅ ခု
19-Sep-2016

လူတိုင်း၊ လူတိုင်း အိမ်နီးချင်းကောင်းတွေကို ခင်မင်နှစ်သက် ကြမှာပါ။ ဒါကြောင့် အိမ်နီးချင်း ကောင်းဆိုတာကို ဘယ်လို သတ်မှတ်မလဲ၊ ကိုယ့်မှာရော အိမ်နီးချင်းကောင်း တစ်ယောက်မှာ ရှိတတ်တဲ့ အကျင့်စရိုက်တွေ ဘယ်လောက် ရှိသလဲ ဆိုတာတွေကို သုံးသပ်နိုင်ဖို့ အိမ်နီးချင်းကောင်းတွေမှာ ရှိတတ်တဲ့ စရိုက် လက္ခဏာတွေကို ဖော်ပြ လိုက်ရပါတယ်။

(၁) ဆူဆူညံညံတွေ မလုပ်ဘူး

ဆူညံသံတွေကို ဘယ်သူမှ ရေရှည် နား မခံနိုင်ကြပါဘူး။ သီချင်းသံ၊ ရန်ဖြစ်သံ စတဲ့ ဆူညံသံတွေ အချိန်ပြည့် ထွက်ပေါ်နေတတ်တဲ့ အိမ်နီးချင်းမျိုးဟာ ဘယ်လိုနည်းနဲ့မှ အိမ်နီးချင်းကောင်းအဖြစ် သတ်မှတ်ခံရမှာ မဟုတ်ပါဘူး။ ညဉ့်နက်ပိုင်းမှာ ဆူညံသံတွေ လုပ်တတ်တဲ့ အိမ်နီးချင်းမျိုးဆိုရင်တော့ ရပ်ကွက်ရုံးတောင် အတိုင် ခံရဦးမှာပါ။ ဒါကြောင့် ဆူဆူညံညံတွေ မလုပ်တတ်တာဟာ အိမ်နီးချင်းကောင်းရဲ့ လက္ခဏာ တစ်ခုပါပဲ။

(၂) တခြားအိမ်က အပျော်အပါး လုပ်လို့ ဆူညံနေတာကိုတော့ အသာတကြည် ရှိတတ်ပါတယ်။

လူဆိုတာက ကိုယ်တိုင်ကသာ ဆူတာညံတာ မကြိုက်ရင်နေမယ်၊ ကိုယ့်အိမ်မှာ ပွဲတစ်ခုခုရှိလို အသံတွေ ဆူနေတဲ့အချိန် ဘေးအိမ်က တစ်ခုခု လာပြောရင်တော့ မကြိုက်တတ်ပါဘူး။ ဒါကြောင့် နားလည်မှုရှိရှိနဲ့ နေပေးတတ်တဲ့ အိမ်နီးချင်းမျိုးကို လူတိုင်းက သဘောကျပြီး အိမ်နီးချင်းကောင်းလို့ သတ်မှတ်တတ်ပါတယ်။

(၃) ကိုယ့်ခြံနဲ့ ပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်း ထားတယ်

အိမ်နီးချင်းကောင်းဆိုတာ သန့်ရှင်းရေးကို ဂရုစိုက်တတ်သူတွေပါ။ ကိုယ့်ခြံနဲ့ အိမ်ရှေ့ လမ်းမကို ပုံမှန် သန့်ရှင်းရေး လုပ်ပြီး ပတ်ဝန်းကျင်က လူတွေကို စိတ်ကြည်လင် စေသူတွေပဲ ဖြစ်ပါတယ်။

(၄) အပြင်သွားရင် ခွေးကို အိမ်ထဲထည့်သွားတယ်။

ကိုယ်မွေးထားတဲ့ခွေးက ကိုယ်အိမ်မှာ မရှိတဲ့အချိန်မှာ သွားချင်ရာ လျှောက်သွားပြီး အညစ်အကြေးတွေ စွန့်၊ ဟိုဟောင်၊ ဒီဟောင် လုပ်နေမယ်ဆိုရင် အိမ်နီးချင်းကောင်း တစ်ယောက်အဖြစ် အမှတ်ပြည့်ရဖို့ မလွယ်နိုင်ပါဘူး။

(၅) တစ်ဖက်အိမ်မှာ အိမ်ရှင်တွေမရှိတဲ့အချိန် စောင့်ရှောက်ပေးတယ်။

တစ်အိမ်လုံး တံခါးပိတ်ပြီး ခရီးသွားတဲ့ အချိန်မှာ ကိုယ့်အိမ် လုံခြုံရေးနဲ့ တခြားကိစ္စဝစ္စတွေအတွက် နောက်ဆံ တင်းနေစရာ မလိုဘူးဆိုရင် ဘယ်လောက် စိတ်အေးရမလဲ တွေးကြည့်ပါ။ ဒါကြောင့် အိမ်နီးချင်းကောင်း တစ်ယောက်ဟာ ကိုယ့် ဘေးအိမ်မှာ အိမ်ရှင်တွေ မရှိတဲ့အချိန်မျိုးမှာ လုံခြုံရေးအတွက် စောင့်ရှောက်ပေးတာ၊ သတင်းစာ သိမ်းပေးတာ စတာမျိုးတွေ လုပ်ပေးတတ်ဖို့ လိုပါတယ်။

Ref : rd.com


  • VIA