News

POST TYPE

TIP

မြင်မြင်ချင်း အထင်ကြီးအောင် ဘယ်လိုလုပ်မလဲ
08-Sep-2016


(၁) အဝတ်အစား

အဝတ်အစားဟာ လူအသစ်တွေနဲ့ တွေ့ဆုံတဲ့ နေရာမှာ အရေးပါတဲ့အရာ တစ်ခုဖြစ်ပါတယ်။ သက်တောင့်သက်သာ ရှိပြီး သင့်ကိုယ်သင် ယုံကြည်မှု ရှိနေမယ့် အဝတ်အစားမျိုးကို ရွေးချယ် ဝတ်ဆင်သွားပါ။

(၂) အပြုံး

တွေ့တွေ့ချင်း ပထမဆုံး သတိပြုမိမှာက သင့်ရဲ့ မျက်နှာ အမူအရာ ဖြစ်ပါတယ်။ တစ်ဖက်လူက သင့်ရဲ့ မျက်နှာ အမူအရာကို ကြည့်လိုက်တာနဲ့ ထင်မြင်ချက် တစ်ခုခု ရှိသွားမှာဖြစ်တာကြောင့် အရင်ဆုံးပြုံးပြလိုက်ပါ။

(၃) နာမည်

လူနာမည်တွေကို မှတ်မိအောင် ကြိုးစားပါ။ လူတွေဟာ သူတို့ရဲ့ နာမည်ကို သိနေတာ မှတ်မိနေတာကို သဘောကျကြပါတယ်။ လူချင်း တွေ့ဆုံကြတဲ့အခါ တစ်ဖက်လူရဲ့ နာမည်နဲ့ အချက်အလက်တွေကို သိနေမယ်ဆိုရင် ပြောဆို ဆွေးနွေးမယ့် စကားတွေ ပိုမိုချောမွေ့ လွယ်ကူပါလိမ့်မယ်။

(၄) စိတ်ဝင်စားမှု

စကားပြောဆို ကြတဲ့အခါ တစ်ဖက်လူ ပြောမယ့်စကားကို သင့်ဘက်က စိတ်ဝင်စားတယ်ဆိုတဲ့ အမူအရာကို ပြပါ။ သူပြောတာကို အနေနဲ့ နားထောင်ချင်ကြောင်း ပြနိုင်ရင် သူကလည်း သင့်ကို မြင်မြင်ချင်း အကောင်း မြင်သွားပါလိမ့်မယ်။

(၅) ကိုယ်အမူအရာ

သင့်ရဲ့ ကိုယ်အမူအရာကို ဂရုစိုက်ပါ။ ကိုယ်ကို ခပ်မတ်မတ် ထားပြီး သက်တောင့်သက်သာ ရှိတဲ့ ဟန်ဟန်ဖြစ်နေပါစေ။ တစ်ဖက်လူ စကားပြောတဲ့အခါ သူ့ဘက် နည်းနည်းလောက် ကိုင်းပြီး နားထောင်ပြီး သင့်ဘက်က စိတ်ဝင်စားမှုကို ပြသပါ။

(၆) ရည်ရွယ်ချက်

ဘာကြောင့် သင့်ကို အထင်အမြင် တက်စေချင်တာလဲဆိုတဲ့ အကြောင်းရင်းကို စဉ်းစားပါ။ မိတ်ဆွေသစ် ရဖို့အတွက်လား၊ လုပ်ငန်း အဆင်ပြေဖို့ အတွက်လား၊ အဆက်အသွယ် ရဖို့လား စသဖြင့် မိမိရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိနေမှသာ သင့်ရဲ့ ပြောဆို ဆက်ဆံမှုက ထောက်ရောက်မှာ ဖြစ်ပါတယ်။

Ref : rd.com

  • VIA