News

POST SECTION

RELAX-TIP

09-Jun-2019
အိပ်စက်ခြင်းဟာ ဆင်းရဲချမ်းသာလူတိုင်း အနားယူပိုင်ခွင့် ဖြစ်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာ အထောက်အကူဖြစ်စေပါတယ်။ အိပ်မရတဲ့အခါ လူရော၊ စိတ်ရော နွမ်းနယ်တော့တာပါပဲ။ ဒါကြောင့် စားဝင်အိပ်ပျော်ဖို့ လိုတယ်လို့ ပြောကြတာပေါ့။ ယခုတစ်ပတ် နှစ်သက် ကြည်သာ အိပ်စက်နိုင်စေကြောင်း အကြံပြုချက်များကို ရေးသားဖော်ပြလိုက်ပါတယ်။
22-May-2019
ယခုရာသီဟာ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် ဒူးရင်းသီးပေါ်ချိန်ဖြစ်တာကြောင့် ဒူးရင်းသီးမှာပါဝင်တဲ့ အာဟာရဓာတ်များ၊ ဒူးရင်းသီးနဲ့ ဆောင်ရန်/ရှောင်ရန်တွေကို သိရှိနိုင်ဖို့အချက်တွေကို ဖော်ပြလိုက်ပါတယ်။
23-Mar-2019
ယာဉ်ကြောထဲမှာ ကိုယ်က တန်းစီစောင့်ဆိုင်းနေစဉ် တစ်ယောက်ယောက်ရဲ့ကားက ဖြတ်ဝင်လိုက်လို့ ထောင်းခနဲ စိတ်တိုသွားပါလား။ ကိုယ့်စကားကို သားသမီးက နားမထောင်တဲ့အခါ သွေးဖိအားက ထောင်းခနဲ ခုန်တက်သွားပြီး ဒေါကန်သွားပါသလား။ ဒေါသဆိုတာ ပုထုဇဉ်လူသားအတွက် ပုံမှန်ရှိနေတတ်တဲ့ စိတ်ခံစားချက်ပါ။ ဒါပေမဲ့ ဒါကို အပြုသဘောဆောင်စွာ ကိုင်တွယ်ခံစားတတ်ဖို့ လိုအပ်ပါတယ်။ ဒေါသကို မထိန်းချုပ်တဲ့အခါ သင့်ရဲ့ကျန်းမာရေးအတွက်ရော ပေါင်းသင်းဆက်ဆံရေးအတွက်ရော ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ ကဲ ... စိတ်တိုခြင်းကို ထိန်းချုပ်ဖို့အတွက် အဆင်သင့်ပဲလား။ အောက်ပါ ဒေါသထိန်းချုပ်ခြင်း အကြံပေးချက်တွေကို ဖတ်ကြည့်ပါဦး။
23-Dec-2018
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ တွင် ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားပေးပါသည်။ ယခုဖော်ပြမည့် အကြောင်းအရာများသည် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းထဲမှ လူငယ်များအတွက် စာဖတ်ရန် နည်းလမ်းကောင်းများနှင့် အဘယ်ကြောင့် စာဖတ်သင့်ကြောင်း နည်းလမ်းကောင်းများကို ကောက်နုတ်ပေးထားခြင်းဖြစ်ပါသည်။
22-Dec-2018
Apple ကုမ္ပဏီကို စတင်ထူထောင်ခဲ့သူ စတိဂျော့ (Steve Jobs) တစ်ယောက်လုပ်တိုင်း အောင်မြင်မှု မရနိုင်ဆိုသည့် သဘောကို ကောင်းကောင်းသိသည်။ သူ့ရှေ့မှာ ထူထောင်ထားသည့် ကုမ္ပဏီတွေ တစ်ခုပြီးတစ်ခု လဲပြိုနေကြသည်။ သို့သော် သူအဘယ်ကြောင့် အောင်မြင်ခဲ့ရသနည်း။ အဖြေကရှင်းပါသည်။ စတိဂျော့သည် အရိုးဆုံး အရှင်းဆုံးကို အကောင်းဆုံးဖြစ်အောင် တီထွင်တတ်သူ ဖြစ်နေသောကြောင့်ပင်။
01-Dec-2018
ကွန်ဖြူးရှပ်အတွေးအခေါ်၏ “ယန်”ဆိုသော သဘောတရားသည် အရှေ့- အနောက်တိုင်း အတွေးအခေါ်များပါ ရောစွက်ပါဝင်နေကြောင်း တွေ့ရမည်ဖြစ်သည်။ အနောက်တိုင်းဆိုင်ရာ ကိုယ်ကျင့်တရားစံတွင် “ကိုယ်မကြိုက်သည်ကို အခြားသူအား ပြန်လည်မပြုမိစေနှင့်”ဆိုသည့်သဘောတရားများကို တွေ့ရှိရသည်။ တရုတ်အတွေးအမြင်တွင်လည်း ထိုအတိုင်း ချမှတ်ထားသည့်လမ်းစဉ်ကို တွေ့ရသည်။
17-Nov-2018
ယင်းလုပ်ငန်းနှစ်ခုမှာ စာပေဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် စာရေးခြင်းတို့ဖြစ်သည်။ သူ့ခေတ်သူ့အခါတွင် အလွန်တန်ဖိုးရှိသော အတွေးအမြင်များကို တွေးခေါ်ခြင်း၊ သင်ကြားခြင်းတို့ကို ပြုလုပ်ခဲ့ပြီး တပည့်များ၏ မှတ်တမ်းတင်ရေးသားခဲ့ချက်များကြောင့် အနာဂတ်အတွက် လေ့လာအားကိုးစရာ အတွေးအမြင်ကျမ်းများအဖြစ် ကျန်ရစ်ခဲ့ပါသည်။
10-Nov-2018
ကွန်ဖြူးရှပ်ကို ရှန်တန်းပြည်နယ် ကမ်းရိုးတန်းဒေသလေးတစ်ခုဖြစ်သည့် လုနယ်တွင် မွေးဖွားသည်။ ဘီစီ ၅၅၁ ခုနှစ်က မွေးဖွားမည်ဟု ယူဆကြသည်။ ဘီစီ ၄၇၉ ခုနှစ်တိုင်အောင်ပင် နေထိုင်သွားသည်ဟု ယူဆကြသည်။ ကွန်ဖြူးရှပ်ကို ဆွန်မင်းဆက်ခေတ် အုပ်ချုပ်သူလူတန်းစားက မွေးဖွားလာသည်ဟုဆိုသော်လည်း သူမွေးဖွားလာချိန်တွင် မြေရှင်ပဒေသရာဇ်စနစ်က ပြိုကွဲကျဆုံးချိန်ကို ရောက်နေချိန်ဖြစ်သွားသည်။ ထို့ကြောင့် သူ လူဖြစ်ခဲ့ရသောအချိန်မှာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဒူးကိုယ်ချွန်နေရသည်။ သူက ဘဝကို မည်သို့ ပျိုးထောင်ခဲ့ရကြောင်းကို ဤသို့ပြောကြားခဲ့သည်။
27-Oct-2018
အရှေ့တောင် အာရှဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများကို ကြည့်လိုက်လျှင် ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်ဝမ်တို့သည် တရုတ်ယဉ်ကျေးမှုနှင့် အများဆုံးဆက်စပ်နေပြီး ဖွံ့ဖြိုးတိုးတက်ပုံ တိုးတက်နည်းတွေကလည်း အတော်လေး တူညီနေသည်ကို တွေ့ရမည်ဖြစ်သည်။ ၁၉၅၀ မှသည် ၁၉၆၀ နှစ်ပိုင်းလောက်ကို ကြည့်လိုက်လျှင် တရုတ်ပြည်မကြီးက ကွန်ဖြူးရှပ်သဘောတရားများကို ပစ်ပယ်ချိန်ဖြစ်နေပြီး၊ အထက်ပါနိုင်ငံများက ခရစ်ယာန်အယူဝါဒများကို ကူးပြောင်းကောင်း ကူးပြောင်းမည်ဖြစ်သော်လည်း ကွန်ဖြူးရှပ်၏ သဘောတရားများကို မစွန့်ပယ်ခဲ့သောနိုင်ငံများဖြစ်ကြောင်း ကောင်းစွာတွေ့မြင်နိုင်ပါသည်။ ရလဒ်မှာ တရုတ်ပြည်မကြီးက စီးပွားရေးနောက်ကျကျန်ခဲ့ပြီး အတွေးအခေါ်များကို ခေတ်ဟောင်းနှင့် ခေတ်သစ်ပေါင်းစပ် ကျင့်သုံးနိုင်သည့်နိုင်ငံများက ဖွံ့ဖြိုးတိုးတက်ကာ ရှေ့တန်းရောက်သွားခဲ့ရခြင်းဖြစ်သည်။
20-Oct-2018
ကမ္ဘာ့ ပညာတတ်လောကအား တရုတ်နိုင်ငံ၏ အကြီးမြတ်ဆုံးသော အတွေးအခေါ်ပညာရှင်ကြီးအကြောင်း မေးလိုက်လျှင် အားလုံးက တညီတညာတည်း “ကွန်ဖြူးရှပ်” ဟုသာ ပြောကြမည်။ သူ့နေရာတွင် အစားထိုးနိုင်မည့်၊ သူ့လောက်ကိုးကားစရာကောင်းသည့် ပညာရှင်မျိုး မပေါ်ပေါက်သေးဟုလည်းဆိုနိုင်သည်။
13-Oct-2018
တိုင်းပြည်တစ်ပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရခြင်းသည် ပြည်သူများ၏ ဘဝကောင်းစားစေရန်ဖြစ်သည်။ အစိုးရဆိုသည်မှာ မိမိနိုင်ငံ၊ မိမိလူမျိုး တိုးတက်ကြီးပွားလာစေရန် ဦးတည်ကြိုးပမ်းလုပ်ဆောင်လေ့ရှိသည်မှာ သဘာဝဖြစ်သည်။
06-Oct-2018
စီးပွားရေးလုပ်ရာတွင် အဓိကမဏ္ဍိုင်အဖြစ် စိုက်ထူရမည်မှာ ရိုးသားခြင်းနှင့် ယုံကြည်စိတ်ချရခြင်းဖြစ်ကြောင်း တရုတ် လူ့ဘောင်တွင် ရှေးခေတ်ကတည်းက လက်ခံခဲ့ကြသည်။ ရိုးသားဖြောင့်မတ်ခြင်း၊ ယုံကြည်စိတ်ချရခြင်း၊ တွေးတောကြံဆတတ်ခြင်း၊ စဉ်းစားလုပ်ဆောင်တတ်ခြင်းဆိုသည့် သဘောတရားများကို တရုတ်လူ့ဘောင်တွင် အဓိကထားပြီး သင်ကြားလေ့ကျင့်ပေးလေ့ရှိသည်။ ထိုသဘောတရားများနှင့် မပြည့်စုံလျှင် စီးပွားရေးကို အောင်မြင်စွာ မလုပ်ဆောင်နိုင်ဟုလည်း သတ်မှတ်ထားကြသည်။
29-Sep-2018
အာရှ၏ကျားကြီးများဖြစ်စေရန် စင်ကာပူနိုင်ငံကို ကြံဆောင်ပေးသော လီကွမ်ယုနှင့် မလေးရှားမှ မဟာသီယာတို့က သူတို့နိုင်ငံများ၏ စီးပွားရေးအနေအထား တောင့်တင်းခိုင်မာလာခြင်းမှာ ကွန်ဖြူးရှပ်၏ မိသားစုအပေါ်ထားအပ်သည့် သွန်သင်လမ်းညွှန်ချက်များကြောင့်ဖြစ်ကြောင်း ထိုပုဂ္ဂိုလ်ကြီးများကိုယ်တိုင်က ထုတ်ဖော်ဝန်ခံကြပါသည်။ အနောက်တိုင်းဒဿန ယဉ်ကျေးမှုများကို အထင်ကြီးလေးစားသော သူတို့က ကွန်ဖြူးရှပ်ကို မပစ်ပယ်ခြင်းကလည်း ထူးခြားသည်ဟု ဆိုရမည်ဖြစ်သည်။
22-Sep-2018
၂၀၀၈ ခုနှစ် တရုတ်အိုလံပစ်ပွဲကို မှတ်မိကြဦးမည်ထင်ပါသည်။ ကွန်ဖြူးရှပ်ခေတ် ပညာရှင်ပုံစံများဖြင့် လူပေါင်းများစွာ ချီတက်လာသည့် မြင်ကွင်းကို အံ့အားသင့်စွာ ရှုမြင်လိုက်ကြရသည်။ တရုတ်တွင် ကွန်ဖြူးရှပ်ကို ပြန်လည်နေရာပေးလာပြီဖြစ်သောကြောင့် ဝမ်းမြောက်သူတွေက ဝမ်းမြောက်နေကြသည်။ ကွန်ဖြူးရှပ်အဖြစ် ချီတက်လာသူပေါင်း ၃၀၀၀ ကျော်သည်ဟုဆိုသည်။ အနောက်နိုင်ငံက ပညာရှင်တွေက တရုတ်ကွန်မြူနစ်အစိုးရ ပြန်လည်ဖော်ထုတ်လာသည့် ပညာရှင်ခေတ်ကို မှန်းဆပြီး ကွန်ဖြူးရှပ်နည်းများဖြင့် တရုတ်ကို ချဉ်းကပ်ရန် အကြံပြုလာကြသည်။