News

06-Sep-2017 tagged as ရခိုင်အရေး
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံရသူများကို စိစစ်၍ ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောကြားလိုက်သည်။.
မုံရွာမြို့မှ ဟုမ္မလင်းမြို့အထိ ချင်းတွင်းမြစ်ကြောင်းအတိုင်း ပြေးဆွဲသည့် ပြဒါးရှင်သင်္ဘော၏ ခရီးစဉ်များကို စက်တင်ဘာလ ဒုတိယပတ်မှစ၍ ပြေဆွဲမှု ရပ်နားမည်ဖြစ်ကြောင်း မိုးမြင့်ကြယ် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးမှ ဒါရိုက်တာ ဦးစိုးမိုးနိုင်က ပြောကြားသည်။
ရခိုင်ပြည်နယ် မောင်တောဒေသတွင် ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာရသည့် ကျောင်းသားများကို စစ်တွေမြို့ပေါ်နှင့် မြို့နယ်အတွင်း နီးစပ်ရာ ကျောင်းများ၌ ကျောင်းထားပေးရန် ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက စီစဉ်နေသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် နာတာရှည် နှလုံးရောဂါဖြင့် ဆေးကုသမှု ခံယူနေရသော မူးယစ်အကျဉ်းသား အမျိုးသားတစ်ဦးသည် စက်တင်ဘာလ ၄ ရက်နေ့ နံနက်က သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့ အကျဉ်းဦးစီးဌာနထံမှ သိရသည်။
05-Sep-2017 tagged as ကချင် H1N1
ကချင်ပြည်နယ်တွင် H1N1 ရောဂါပိုးရှိသည့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး တွေ့ရှိရသဖြင့် ဆေးကုသမှုပေးလျက်ရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဒေသရှိ လုပ်ငန်းများနှင့် ဈေးဆိုင်များကို ယမန်နှစ်ထက် ရန်ပုံငွေ ၁၀ ရာခိုင်နှုန်း တိုးကောက်ပြီး ယခင်လူဟောင်းများကိုသာ လုပ်ပိုင်ခွင့် ပေးသွားမည်ဟု ကျိုက်ထီးရိုး ဂေါပကအဖွဲ့ထံမှ သိရသည်။
05-Sep-2017 tagged as ရေကြီး
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် မြို့၏စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက် ၂၇ စင်တီမီတာ ကျော်လွန်ရောက်ရှိခဲ့ရာ စက်တင်ဘာလ ၄ ရက်တွင် ရေဘေးရှောင်သူ အိမ်ထောင်စု ၂၀၀၊ လူဦးရေ ၅၀၀ ခန့်အထိ ရှိလာကြောင်း တောင်ငူမြို့ ပေါ်တော်မူဘုရား ရေဘေးရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
04-Sep-2017 tagged as ပုသိမ်
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ညောင်တုန်းမြို့နယ် သက်ဆိုင်ရာ ဌာနများမှ မြို့နယ်အဆင့် တာဝန်ရှိအရာရှိ ၃ ဦး ၊ သဇင်ရေကျော် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦး၊ ဒေသခံ ၁ ဦး အပါအဝင် ၇ ဦးထံမှ နစ်နာကြေး ကျပ်သိန်း နှစ်သောင်း ရလိုဟုဆိုကာ ပင်လုံရတနာ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက တရားစွဲထားကြောင်း တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် တရားရုံးတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံထားရသည့် NLD ပါတီ ဒုဥက္ကဋ္ဌ ဦးစန်းရွှေကို ကိုးလကျော်ကြာ စစ်ဆေးပြီးနောက် ယနေ့ (စက်တင်ဘာလ ၄ ရက်)တွင် ပုသိမ်မြို့နယ် တရားရုံးက ထောင်ဒဏ်သုံးလ အမိန့်ချမှတ်ခဲ့သည်။
04-Sep-2017 tagged as သတင်းထောက်
ကလေးမြို့နယ် ထောက်ကြန့်ကျေးရွာရှိ နေအိမ်တစ်ခုတွင် အမျိုးသမီးတစ်ဦးတည်း ရှိနေစဉ် မှုခင်းသတင်းထောက် ကတ်ပြကာ ခြိမ်းခြောက်ငွေတောင်းသူကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားကြောင်း ကလေးမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သက်နိုင်ဦးက ပြောကြားသည်။
04-Sep-2017 tagged as သတင်းထောက်
ကလေးမြို့နယ် ထောက်ကြန့်ကျေးရွာရှိ နေအိမ်တစ်ခုတွင် အမျိုးသမီးတစ်ဦးတည်း ရှိနေစဉ် မှုခင်းသတင်းထောက် ကတ်ပြကာ ခြိမ်းခြောက်ငွေတောင်းသူကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားကြောင်း ကလေးမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သက်နိုင်ဦးက ပြောကြားသည်။
03-Sep-2017 tagged as H1N1
ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ သိပ်သည်းမှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတို့ကြောင့် ရောဂါဖြစ်ဖြစ်ချင်း ဆေးကုသမှု မခံရသည့်အတွက် သေဆုံးမှု မြင့်တက်ရကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။
03-Sep-2017 tagged as သစ်တော
စစ်ကိုင်းတိုင်းအတွင်း တရားမဝင် သစ်ခိုးယူထုတ်လုပ်မှု ထိန်းချုပ်နိုင်ရေးအတွက် သစ်တောဝန်ထမ်းများ ပါဝင်သည့် စုပေါင်းဂိတ်လေးခုကို ယခုနှစ်အတွင်း ဖွင့်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွန်ကြားရေမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေသည် လေးနှစ်အတွင်း ပထမဆုံးအကြိမ် စိုးရိမ်ရေမှတ်အထက် ၃ လက်မခန့် ကျော်လွန်ရောက်ရှိ၍ ယနေ့ (စက်တင်ဘာလ ၃) ရက်တွင် အိမ်ထောင်စု ၅၀ ခန့်၊ လူဦးရေ ၃၀၀ ခန့် ရေလွတ်ရာသို့ ရွှေ့ပြောင်း ရေဘေးရှောင်နေရကြောင်း မြို့နယ်ထွေ/အုပ်ရုံးထံမှ သိရှိရသည်။