News

20-Dec-2018
စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်အကြား ချင်းတွင်းမြစ်ရေ ကျဆင်းပြီး သောင်ထွန်းမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ကုန်တင်ရေယာဉ်အစင်းရေ ၄၀ နီးပါးခန့် ပိတ်မိနေကြောင်း ကုန်တင်ရေယာဉ်မောင်းများထံမှ သိရှိရသည်။
20-Dec-2018
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် မြန်မာလုပ်သားမိသားစုဝင်လေးဦးကို သတ်သည့်အမှုဖြင့် သံသယရှိသူ သုံးဦးအနက် (၂) ဦးကို ဒီဇင်ဘာလ ၁၉ ရက် ညနေပိုင်းက ဘားအံမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
20-Dec-2018
ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် ငွေတောင်လေးကျေးရွာရှိ ရှမ်းတိုင်းရင်းသားများနေထိုင်သည့် ရွာမြေဧက ၃၀ ကျော်ကို တပ်မတော်အစိုးရလက်ထက်က သိမ်းဆည်းခဲ့သော်လည်း မည်သည့်စီမံကိန်းများမှ မလုပ်သည့်အတွက် လက်ရှိအစိုးရလက်ထက်တွင် ပြန်လည်နေထိုင်ခွင့်ရရှိလိုကြောင်း မူလမြေပိုင်ရှင်များက ဆိုသည်။
20-Dec-2018
ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ဝါးတီးကျေးရွာအုပ်စုရှိ ဝါးတီးရွာအပါအဝင် ကျေးရွာသုံးရွာတွင် ယခုနှစ် နိုဝင်ဘာလခန့်မှစတင်၍ စစ်တောင်းမြစ်ကမ်းပြိုကျမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် လူနေအိမ်များ ပြောင်းရွှေ့ရမည့်အရေးနှင့် ကြုံတွေ့နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။
20-Dec-2018
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံ မြို့တွင် တရားမဝင် စိုက်ပျိုးရေးသုံးပစ္စည်းများကို ဒီဇင်ဘာ ၁၈ ရက်နေ့က ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရှာဖွေခဲ့ရာ ကျပ်သိန်း ၄၀ ကျော်တန်ဖိုးရှိ တရုတ်နှင့်ထိုင်းနိုင်ငံထုတ် တရားမဝင် ဓာတ်မြေဩဇာအိတ်များနှင့် ပိုးသတ်ဆေးများ ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ထံမှ သိရသည်။
20-Dec-2018
ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ကြက်တူရွေးကျေးရွာတွင် လူသတ်မှုကျူးလွန်ခြင်းမရှိဘဲ ပုသိမ်ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်သဖြင့် တရားမျှတမှုအတွက် ကူညီဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တိုင်ကြားထားကြောင်း ထောင်ချခံရသူ၏အဖေ ဦးစိုးမြင့်က ပြောကြားသည်။
20-Dec-2018
တနိုင်းမြို့နယ်အတွင်း မသန်စွမ်း ၁၅၀ ဦးကို တစ်ဦးလျှင် ကျပ်သုံးသောင်းစီဖြင့် စုစုပေါင်း ၄၅ သိန်းကျပ်ကို ပထမဆုံးအနေနှင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ယင်းမြို့နယ်မှ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောကြားသည်။
19-Dec-2018
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားသုံးဆူစေတီရှိ နံရံဆေးရေးပန်းချီများကို ကိုရီးယားနိုင်ငံ အကူအညီဖြင့် ထိန်းသိမ်းမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ထံမှ သိရသည်။
19-Dec-2018
လားရှိုးနည်းပညာတက္ကသိုလ်ရှေ့၌ တစ်ကိုယ်တော်ဆန္ဒပြခဲ့သည့် ကိုစိုင်းကျော်ဇောဟန်ကို လားရှိုးမြို့နယ်တရားရုံးက ယနေ့ (ဒီဇင်ဘာ ၁၉ ရက်)တွင် ဒဏ်ငွေနှစ်သောင်းပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
19-Dec-2018
ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် GGS ကုမ္ပဏီ၏ အကြွေး ကျပ် ၈ ဘီလီယံ ကိစ္စကို ကုမ္ပဏီနှင့် တာဝန်ယူစာချုပ်ခဲ့သည့် တနင်္သာရီတိုင်းအစိုးရအနေနှင့် အမြန်ဖြေရှင်းသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောသည်။
19-Dec-2018
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ ကျောက်တစ်လုံး ကျေးရွာအတွင်း ဒီဇင်ဘာလ ၁၇ ရက်နေ့က တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရာမှ စိတ်ကြွရူးသွပ်ဆေးပြား ပေါင်း ၈ သိန်းကျော်နှင့် ဘိန်းဖြူဆပ်ပြာခွက် ၅၀၀ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
19-Dec-2018
ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော ဆိုင်ကယ်များအနက် မော်လမြိုင်ခရိုင်တရားရုံးတွင် အမှုပြီးပြတ်ပြီးသည့် ဆိုင်ကယ်များကို ဒီဇင်ဘာလ ၁၇ ရက် နေ့က လေလံတင်ရောင်းချခဲ့ကြောင်း မော်လမြိုင်ခရိုင်ရုံးထံမှ သိရသည်။
19-Dec-2018
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပညာဝကျေးရွာ အနောက်မြောက်ဖက်၌ တပ်မတော်နှင့် AA တို့ ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စတင်ပြီး တိုက်ပွဲဖြစ်ပွားရာ တပ်မတော်က ရဟတ်ယာဉ် ၂ စင်း အသုံးပြု၍ ပစ်ခတ်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
18-Dec-2018
မကွေးတိုင်းအတွင်းရှိ မြို့ ၄ မြို့နှင့် ကျေးရွာ ၂၅ ရွာတွင်နေထိုင်နေသည့် မြေပိုင်ဆိုင်မှု အထောက်အထားမရှိသည့် မြေများအပေါ်တွင်နေထိုင်နေသူများကို ယခုဘဏ္ဍာနှစ်အတွင်း မြေငှားဂရန်များ ထုတ်ပေးရန်စီစဉ်နေကြောင်း ယင်းတိုင်းလယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနထံမှသိရသည်။
18-Dec-2018
ပဲခူးတိုင်းအတွင်းရှိမြို့နယ်၂၈ မြို့နယ်အတွင်း သဘာဝဘေးကြောင့် စိုက်ခင်းသီးနှံ ပျက်စီးဆုံးရှုံးမှုသည် ပြီးခဲ့သည့်နှစ်ကထက်သုံးဆကျော်ပမာဏအထိမြင့်တက်ကြောင်း ယင်းတိုင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ပြောကြားသည်။