ကရင်ပြည်နယ်အတွင်းရှိ စာသင်တိုက်များ၊ ဘုန်းကြီးကျောင်းများ၊ ယဉ်ကျေးလိမ္မာကျောင်းများ၊ ဘကကျောင်းများတွင် မဘသဆိုင်းဘုတ် ထပ်မံ စိုက်ထူမည်ဖြစ်ကြောင်း ဇွဲကပင်တောင် ဆရာတော်က မိန့်ကြားသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူနှင့် ဖြူးမြို့နယ်တို့တွင် ဇူလိုင်လ ၂၈ ရက်က ရာသီတုပ်ကွေး (H1N1) ရောဂါဖြင့် တက်ရောက်ကုသနေသော လူနာများ ရောက်နေသည်ဟု ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း တောင်ငူခရိုင် ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
30-Jul-2017 tagged as အစိုးရ
အစိုးရအနေနှင့် နိုင်ငံတကာကဲ့သို့ အခမဲ့ပညာရေး လုပ်ဆောင်နေသော်လည်း နိုင်ငံဆင်းရဲ၍ ကျောင်းပြင်ပ ပညာရေးကို အားကိုးနေရဆဲ ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေဝန်ကြီး ဦးမောင်မောင်လွင်က ပြောကြားသည်။
29-Jul-2017 tagged as ပုသိမ် H1N1
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရာသီတုပ်ကွေး H1N1 ဖြစ်ပေါ်နေရာ ယင်းရောဂါ ကာကွယ်သည်ဆိုကာ ပုသိမ်မြို့ပေါ်တွင် မြင့်မိုရ်ကုန်း အမည်ရှိ တိုင်းရင်းဆေး အရောင်းသွက်လျက်ရှိကြောင်း မြို့မဈေးရှိ ပရဆေးအရောင်းဆိုင်များထံမှ သိရှိရသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ လမ်းဘေးနှင့် ကမ်းနားတွင် ကျုးကျော်နေသူများကို ဩဂုတ်လတွင် နောက်ဆုံးထားကာ ဖယ်ရှားမည်ဖြစ်ကြောင်း ဗန်းမော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
29-Jul-2017 tagged as ထားဝယ် H1N1
ထားဝယ်ဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် အသက် ၁၂ နှစ်အရွယ် လူနာတစ်ဦးတွင် H1N1(ရာသီတုပ်ကွေး) ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း ထားဝယ်ပြည်သူ့ဆေးရုံအုပ်ကြီးက ပြောကြားသည်။
28-Jul-2017 tagged as ကျိုင်းတုံ H1N1
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းပြ ဆရာမတစ်ဦး သေဆုံးမှုမှာ သတင်းထွက်နေသကဲ့သို့ H1N1 ရောဂါကြောင့် မဟုတ်ဘဲ နှလုံးကြွက်သားပုတ်ခြင်းကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ကျိုင်းတုံအထွေထွေရောဂါကု ဆေးရုံးကြီးမှ အထူးကုဆရာဝန်ကြီး ဒေါက်တာသိန်းငွေက ပြောကြားသည်။
28-Jul-2017 tagged as ကျိုင်းတုံ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းပြ ဆရာမတစ်ဦးသည် ဇူလိုင်လ ၂၇ ရက် ည ၁၁ နာရီခန့်က H1N1 ရောဂါဖြင့် သေဆုံးသွားသည်ဟုဆို၍ ကျောင်းသားမိဘများနှင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း ယင်းမြို့ဒေသခံများက ပြောကြားသည်။
28-Jul-2017 tagged as သတင်းထောက်
မတရားသင်း ဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခြင်းခံရသော သတင်းထောက် ၃ ဦး အပါအ၀င် ၆ ဦးကို ဇူလိုင် ၂၈ ရက်နေ့ နံနက်က သီပေါမြို့နယ် တရားရုံးတွင် စတင်စစ်ဆေးခဲ့သည်။
28-Jul-2017 tagged as ထားဝယ် H5N1
အပြင်းစား ကြက်ငှက်တုပ်ကွေး H5N1 ရောဂါဖြစ်ပွားခဲ့သည့် ကြက်ခြံအနီး နေထိုင်သည့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး ဖျားနာသည့်အတွက် ထားဝယ်ဆေးရုံကြီးတွင် ကုသလျက်ရှိရာ ကနဦး ဆေးစစ်ချက်များအရ H5N1 မတွေ့ရကြောင်း ထားဝယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးက ပြောသည်။
27-Jul-2017 tagged as
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်း ကျေးရွာအုပ်စု ကလိတ်တုတ်ကျေးရွာရှိ အခြေခံမူလတန်းကျောင်း (ဘီးဇိုင်း)တွင် ကျောင်းသား ၂၀ ကျော် ပြင်းထန် အဖျားရောဂါ ဖြစ်ပွားကြောင်း အဆိုပါမြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
ရခိုင်ပြည်နယ် ပညာရေးမြင့်မားရေး၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် မြင့်မားရေးနှင့် ကျောင်းသား ကျောင်းသူများ၏ အတန်းချိန်မှန်ရေးအတွက် ကျောင်းအသီးသီးရှိ ကျောင်းအုပ်ကြီးများ အနေနှင့် တစ်ရက်လျှင် အနည်းဆုံးတစ်ကြိမ် စာဝင်ရောက်သင်ကြားရန် ညွှန်ကြားထားကြောင်း ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောကြားသည်။
နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ဇူလိုင်လ ၂၇ ရက်က ပြုလုပ်ခဲ့သော တပ်မတော်နှင့် သတင်းမီဒီယာသမားများနှင့် တွေ့ဆုံပွဲမှာ နှစ်ဖက် သဘောတူညီချက်ရရန် တွေ့ဆုံဆွေနွေးသည့်ပွဲ မဟုတ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းက ပြောကြားသည်။
27-Jul-2017 tagged as ထားဝယ် H5N1
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် အပြင်းစား ကြက်ငှက်တုပ်ကွေး ရောဂါပိုး H5N1 တွေ့ရှိပြီးနောက် နယ်စပ်ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံမှ အေးခဲကြက်သား တင်သွင်းမှုကို ပိတ်ပင်လိုက်သည်။
27-Jul-2017 tagged as မုံရွာ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် သြဂုတ်လ ၁ ရက်နေ့မှစတင်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသူများနှင့် ဆိုင်ကယ်ဦးထုပ် မဆောင်းသူများကို စတင် အရေးယူမည်ဖြစ်ကြောင်း အမှတ် ၁၁၁ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးထံမှ သိရသည်။