News

02-Dec-2016 tagged as ကျိုင်းတုံ
ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် လူမှုရေး၊ တောင်သူလယ်သမားအရေး၊ ဥပဒေရေးရာ၊ ပညာရေးနှင့် ကျန်းမာရေး စသည့် လုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေသည့် အသင်းအဖွဲ့များ စုပေါင်း၍ ကွန်ရက် ဖွဲ့စည်းမည် ဖြစ်ကြောင်း ဒေါနပုံရိပ်အဖွဲ့၏ ဥက္ကဋ္ဌ ဦးအာဗေလက ပြောကြားသည်။
02-Dec-2016 tagged as သစ်
မြိတ်မြို့ ကလွင်ကျေးရွာအုပ်စုရှိ မြိတ်စီးပွားရေးဇုန် အနီးတွင် နိုဝင်ဘာလ ၃၀ ရက်က တရားမဝင် သစ်လုံးရေ ၃၃ လုံး ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး (အနောက် ခြမ်း) သာယာဝတီခရိုင် သုံးဆယ်မြို့ အထကကျောင်းတွင် နိုဝင်ဘာလ ၃၀ ရက် မွန်းလွဲ ပိုင်း ၁နာရီက ကျောင်းအုပ်ဆရာကြီး ဆုံးမရာမှ ကိုးတန်းကျောင်းသူတစ်ဦးကို သာယာဝတီ ခရိုင်ပြည်သူ့ဆေးရုံတွင် တင်ထားရကြောင်း ယင်းကျောင်းသူ၏ ဖခင် ဦးဇော်မင်းအောင်က ပြောကြားသည်
01-Dec-2016 tagged as ကျိုင်းတုံ
အိမ်နီးချင်း တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ မှတင်သွင်းသည့် စားသောက်ကုန်ပစ္စည်းများနှင့် အသုံးအဆောင် ပစ္စည်းများကို မှီခိုရသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် နယ်စပ်ဝင်ပေါက်အချို့ပိတ်ထားသဖြင့် တရုတ်နိုင်ငံ ထုတ်ကုန်ပစ္စည်းများနှင့်သစ်သီးဝလံများ အဝင်နည်းကာ ဈေးမြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်
01-Dec-2016 tagged as ဘင်္ဂါလီ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်အတွင်း ၂၀၁၅ ခုနှစ်က ဖမ်းဆီးထောင်ဒဏ်ကျ ခံခဲ့ကြသည့် ရခိုင်ပြည်နယ် အတွင်းမှ ဘင်္ဂါလီ ၉၁ ဦးကို နိုဝင်ဘာ ၃၀ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြုလုပ်သည့် နှစ်နိုင်ငံ တပ်မှူးအဆင့် ဆွေးနွေးပွဲတွင် မြန်မာဘက်သို့ လွှဲပြောင်းကာ နေရပ်သို့ ပြန်ပို့ခဲ့ကြောင်း မောင်တောမြို့ နယ်ခြားစောင့်တပ်ဖွဲ့ ရဲမှူးတစ်ဦးက ပြောကြားသည်။
01-Dec-2016 tagged as ကား အမြန်လမ်း
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၁၁ လတာ ကာလအတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများတွင် ယာဉ်မောင်းများ၏ အရှိန်ပြင်း မောင်းနှင်မှုကြောင့် ဖြစ်ပွားရခြင်းမှာ ထက်ဝက်ခန့် ပါဝင်နေကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) ထံမှ စုံစမ်းသိရှိရသည်။
01-Dec-2016 tagged as ဖားကန့်
ကချင်ပြည်နယ်၊ ဖားကန့်သို့ သွားရာ မိုးကောင်း-ဖားကန့်လမ်းတွင် ဒီဇင်ဘာ ၁ ရက် ယနေ့ နံနက် အစောပိုင်းမှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ခရီးသည်နှင့် ကုန်တင်ယာဉ် တစ်ရာကျော်မှာ ကာမိုင်းမြို့နှင့် အနီးတွင် ပိတ်မိနေကြောင်း ကိုယ်တိုင်ပိတ်မိနေသည့် ခရီးသည်တစ်ဦးထံမှ သိရသည်။
01-Dec-2016 tagged as မူဆယ်
တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ ရသော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း ရက်ပိုင်းအတွင်း မိုင်းထောင် ဖျက်ဆီးခံလိုက်ရသည်။
"ပေါ်ဆန်းမွှေးဆန်ဝယ်ယူခဲ့တာနဲ့ပတ်သက်ပြီး အရင်လိုဆန်အရည်အသွေးမဟုတ်လို့ အမျိုးသားတစ်ဦးက လာရောက်တိုင်ကြားတယ်။ကျွန်တော်တို့အဖွဲ့အနေနဲ့ သူဝယ်ယူခဲ့တဲ့ဆိုင်ကို သွားရောက်ပြီး အရင်လိုဆန်အရည်အသွေးပြည့်မီတာလဲလှယ်ပေးဖို့ သွားရောက် ညှိနှိုင်းပေးမယ်။မရရင်တော့ ဥပဒေလမ်းကြောင်းအတိုင်းဆက်လက်ဆောင်ရွက်ပါ့မယ်"
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်- လားရှိုးပြည်ထောင်စုလမ်းအပိုင်းရှိ ကွန်ကရစ်တံတား နှစ်စင်းမှာ ယနေ့(နိုဝင်ဘာလ ၃၀ ရက်) နံနက်ပိုင်းက မိုင်းထောင်ဖျက်ဆီးခြင်းခံရသဖြင့် ကုန်တင်ယာဉ်ကြီးများ ဖြတ်သွားသွားလာ၍ မရကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်
"နယ်မြေမငြိမ်းချမ်းတော့ ဟိုဘက် (တရုတ်) မှာသွားရောင်းနေရတယ်။ မနက်ဖြန် (နိုဝင်ဘာ ၃၀) မှာ တရုတ် ဘက်က သစ်သီးဝယ်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ မြန်မာဘက်ကအဖွဲ့တွေ ဆွေးနွေး တာလုပ်မယ်။ ဒီဇင်ဘာ ၁ ရက်နေ့တော့ ဒီဘက်မှာပဲ အရောင်းအ၀ယ် ပြန်လုပ်မှာပါ"
29-Nov-2016 tagged as တိုက်ပွဲ
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားပြီး ရှစ်ရက်အကြာတွင် မူဆယ်ဈေးကြီး အပါအဝင် စာသင်ကျောင်းများနှင့် ပုဂ္ဂလိကဘဏ်များ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း မူဆယ်မြို့ခံများထံမှ သိရသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့သည့် ဒီဇင်ဘာ ၂ ရက်တွင် ရခိုင်ပြည်နယ်သို့ လာရောက်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောသည်။
27-Nov-2016 tagged as ရခိုင်
ရခိုင်ပြည်နယ်မှ ပြည်တွင်းသို့ ၀င်ထွက်ရာ လမ်းကြောင်းမှ စစ်ဆေးရေးအဖွဲ့များရှိ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန (လ.၀.က) အမှုထမ်း ၇၀ ကျော်ကို ယခုရက်ပိုင်းအတွင်း နေရာရွှေ့ပြောင်း တာဝန်ပေးခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားသည်။