News

23-May-2017 tagged as ရေလုပ်သား
ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူ မြို့အနီးရှိ မဒေးကျွန်း၌ တရုတ်ရေနံတင် သင်္ဘောများ ဝင်ထွက် သွားလာမှုကြောင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်သဖြင့် မဒေးကျွန်း ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
22-May-2017 tagged as အဆိပ်သင့်
ချင်းပြည်နယ် တီးတိန်မြို့နယ် ဟိုင်မွှာလ်ကျေးရွာတွင် ဆုတောင်းပွဲ၌ကျွေးသည့် မုန့်စားမိရာမှ လူ ၁၈ ဦး အစာအဆိပ်သင့်ပြီး ရိဒ်ခေါဒါရ်မြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်နေရကြောင်း တီးတိန်မြို့နယ် အုပ်ချုပ်ရေမှူး ဦးဂိုဆွမ်းဆိုင်က ပြောကြားသည်။
21-May-2017 tagged as
မုံရွာမြို့ပေါ်၌ မေလ ၂၁ ရက်နေ့ မွန်းလွဲသုံးနာရီခန့်က မိုးသက်လေပြင်းကျရာမှ မိုးကြိုးပစ်မှုကြောင့် အောင်ချမ်းသာရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ အမှတ် ၁၆ ခြေလျင်တပ်ရင်းအတွင်း မီးလောင်မှုဖြစ်ခဲ့ကြောင်း မုံရွာမြို့နယ် မီးသတ်ဦးစီးထံမှသည်။
21-May-2017 tagged as ပညာရေး
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော်များ၊ ဆရာလေးများ၊ ဆရာ၊ ဆရာမများ အနေနှင့် ကလေးများကို ရိုက်နှက်၍ စာမသင်ကြားရန် ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော်ဘဒ္ဒန္တ နာယကက ပန်ကြားသည်။
21-May-2017 tagged as ဘုရား
ရှမ်းပြည်နယ်တောင်ပိုင်းရှိ မွေတော်ကက္ကူဘုရားတွင် ဒရုန်းဖြင့် ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုမှတ်တမ်း ရိုက်ကူးခြင်းကို ဧပြီလမှစ၍ တားမြစ်ထားကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရှိရသည်။
21-May-2017 tagged as
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းပိုင်းတွင် မေလ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က မီးရှို့ဖျက်ဆီးခံရသည့် မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ်တွင် လိုက်ပါလာသည့် ခရီးသည်များကို လားရှိုးမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း လားရှိုးမြို့ရှိ မြတ်မန္တလာထွန်း ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းထံမှ သိရသည်။
21-May-2017 tagged as လေပြင်း
ပြည်ခရိုင်တွင် မေလ ၁၉ ရက် ညနေ ၅ နာရီခွဲခန့်က လေပြင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၀ဝ ခန့် အမိုးလန် ပျက်စီးကာ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းထံမှ စုံစမ်းသိရသည်။
20-May-2017 tagged as ပုသိမ်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်ရှိ သရက်ပင်ကွင်း၊ သပြေကွင်း၊ အင်းတီနှင့် ကြို့ကုန်းကျေးရွာများသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းကို ဂျပန်နိုင်ငံ အစိုးရ၏ GGP အသေးစား ထောက်ပံ့ရေး အစီိအစဉ်နှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ဖောက်လုပ်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။
20-May-2017 tagged as ချင်းပြည်နယ်
ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ) မှ စက်ယန္တရား အစီးရေ တစ်ရာကျော်ကို ချင်းပြည်နယ် အစိုးရအဖွဲ့သို့ လှူဒါန်းမည် ဖြစ်ကြောင်း ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရွှေထီးအိုက ပြောသည်။
19-May-2017 tagged as တမူး
မြန်မာ-အိန္ဒိယနယ်စပ်တွင် မေလအတွင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်လုံခြုံရေးကို တင်းကျပ်စွာဆောင်ရွက်နေရာ ၁၇ ရက်နေ့က အိန္ဒိယဘက်သို့ တရားမဝင် သွားရောက်ခဲ့သည့် တမူးဒေသခံ လေးဦးကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် ဖမ်းဆီးထားကြောင်း တမူးမြို့မ ရဲစခန်းထံမှ သိရှိရသည်။
19-May-2017 tagged as ထားဝယ်
မြိတ်ခရိုင်အတွင်း ရှေးဟောင်းမြို့တစ်မြို့ဖြစ်သည့် တနင်္သာရီမြို့နယ်၏ ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်ကို မေလ ၁၅ ရက်က စတင်ဆောက်လျက်ရှိကြောင်း ယင်းမြို့နယ် စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းထံမှ သိရသည်။
မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ မိုးစပါးစိုက် တောင်သူများအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မော်လမြိုင်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို ကျေးရွာများအထိ ဆင်းပြီး မေလ ၂၃ ရက်တွင် မြို့နယ်အလိုက် စတင်ထုတ်ချေးပေးမည် ဖြစ်သည်။
19-May-2017 tagged as မီးလောင်မှု
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းပတ် (အထက်) ကျေးရွာအုပ်စု ပန်စိုးကျေးရွာတွင် မေလ ၁၈ ရက်နေ့ ညနေ ၅ နာရီခန့်က အမျိုးသားတစ်ဦးက ဖခင်နေအိမ်ကို မီးရှို့ရာမှ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ကျိုင်းတုံမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
19-May-2017 tagged as ကျွန်းသစ်
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာအနီး မင်းဘူး-အမ်း ကားလမ်းမ ၃၂ မိုင် ၄ ဖာလုံရှိ စာတတ်ကူ စစ်ဆေးရေးဂိတ်တွင် ရခိုင်ပြည်နယ်သို့ တင်ပို့မည့် ကျွန်းတံခါးများကို တင်ဆောင်လာသည့် ခြောက်ဘီးယာဉ်တစ်စီးကို မေလ ၁၇ ရက်နေ့ ညနေက ဖမ်းဆီးရမိခဲ့ကြောင်း ငဖဲမြို့နယ် သစ်တောဦးစီးဌာနထံမှ စုံစမ်းသိရှိရသ
မွန်ပြည်နယ်ရှိ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) နှင့် မော်လမြိုင်ကို ပြေးဆွဲနေသည့် ဇက်သင်္ဘော၊ ရေယာဉ်များသည် ဧပြီလ ၂၇ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) တံတားခံဝန်အား စမ်းသပ်ဖွင့်လှစ်သည့် အချိန်မှ စတင်ကာ တွက်ခြေမကိုက်သည့်အတွက် ဇက်သင်္ဘော ပြေးဆွဲနေမှုကို ရပ်နားလိုက်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး သံလွင်ဌာနခွဲထံမှ သိရသည်။