News

18-Dec-2020
ကိုဗစ်ပထမလှိုင်းကတည်းက ဖွင့်ထားသည့် ပဲခူးမြို့တော်ခန်းမရှိ Bago Fever Clinic အခမဲ့ကုဆေးခန်းတွင် ကုသပေးရသူများလာပြီး ပြင်ပအလှူရှင် နည်းပါးလာသဖြင့် ဆက်လက်ရပ်တည်ရန် အခက်ခဲနှင့် ရင်ဆိုင်နေရသည်ဟု အဆိုပါဆေးခန်းရှိ စေတနာ့ဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။
18-Dec-2020
ဟုမ္မလင်းမြို့နယ်အတွင်း မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့က မြေလွတ်၊ မြေလပ်၊ မြေရိုင်းအဖြစ် သတ်မှတ်ထားသောမြေ လေးဧကခန့်ကို နေရာချထားပေးရာ၌ မြေနေရာတူနေသဖြင့် တရားရေးဌာနနှင့် ပုဂ္ဂလိမြေပိုင်ရှင်တို့ကြား အခက်အခဲဖြစ်နေရသည်ဟု ခေါင်ခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
17-Dec-2020
ချောက်မြို့နယ် ဇောင်းတောကန် ကျေးရွာတွင် လျှပ်စစ်မီးရရှိနေပြီဖြစ်သော် လည်း ကျေးရွာမီးလင်းရေးကော်မတီက ငွေကျပ် လေးသိန်းရှစ်သောင်းထည့်သွင်းမှသာ လျှပ်စစ်မီးကြိုး သွယ်တန်းပေးမည်ဆိုသဖြင့် ကျေးရွာရှိ နေအိမ်တစ်ရာခန့် လျှပ်စစ်မီးရရှိရန် အခက်အခဲဖြစ်နေသည် ဟု ကျေးရွာဒေသခံများက ပြောဆိုသည်။
17-Dec-2020
ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများကြောင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများတွင် မြောက်ဦးမြို့နယ်က ပြည်သူများလည်း ပါဝင်ပြီး အပြစ်မဲ့ပြည်သူသောင်းနှင့်ချီကာ စစ်ဘေးရှောင်ဘဝကို ရောက်ခဲ့ကြသည်။
17-Dec-2020
တတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ပြန်လည်ရွေးချယ်ခြင်းမခံရတော့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ စည်ပင်ဧည့်ရိပ်သာကနေ ဒီဇင် ဘာ ၂၂ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးဖို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီက အကြောင်းကြားလာတယ်လို့ သိရပါတယ်။
16-Dec-2020
ယင်းမာပင်ခရိုင် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း သစ်ခိုးထုတ်မှုများကို အမျိုးသားဥယျာဉ်တာဝန်ရှိသူများက ဖမ်းဆီးထားရာ အဖိုးတန် ပိတောက်၊ ကျွန်းနှင့် အခြားသစ်မျိုးစုံ ပျက်စီးမှုမရှိစေရေးအတွက် မြန်မာ့သစ်လုပ်ငန်းက ယခုလအတွင်း သယ်ယူမည်ဖြစ်ကြောင်း မုံရွာမြို့ရှိ သစ်ထုတ်ရေး ဒုတိယအထွေထွေ မန်နေဂျာရုံးထံမှ သိရသည်။
15-Dec-2020
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာအုပ်စုများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသော 66/33KV ဓာတ်အားခွဲရုံရှိ 20MVH ထရန်စဖော်မာနေရာတွင် 30MVH ထရန်စဖော်မာအသစ် လဲလှယ်တပ်ဆင်နေသောကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို လျှပ်စစ်ဓာတ်အား အလှည့်ကျပေးဝေနေခြင်းဖြစ်ကြောင်း မြသင်းကြူကုမ္ပဏီထံမှ သိရသည်။
14-Dec-2020
ပဲခူးတိုင်း ဝေါမြို့နယ် စပ်စုကျေးရွာအနီး စစ်တောင်းမြစ်ကမ်း မြေနုကျွန်းပြဿနာနှင့်ပတ်သက်ပြီး ဒေသခံတောင်သူ အချို့သည် ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်က ဝေါမြို့‌အတွင်း စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု ဦးဆောင်သူများက ပြောကြားသည်။
14-Dec-2020
စဉ့်ကိုင်မြို့နယ်အတွင်းရှိ Quarantine စင်တာများတွင် တာဝန်ထမ်းဆောင်ရန် စေတနာ့ဝန်ထမ်း Volunteer များ လိုအပ်လျက်ရှိကြောင်း ယင်းမြို့နယ်စီမံခန့်ခွဲမှုကော်မတီ တာဝန်ရှိသူများက ပြောဆိုသည်။
13-Dec-2020
ဝါးနှင့်ချည်ကို တွဲဖက်ပြုလုပ်ထားသည့် အိမ်တွင်းအလှဆင်ပစ္စည်းများကို တီထွင်ဖန်တီးနေပြီး သင်တန်းများ ပြန်လည်ဖွင့်လှစ်ခွင့်ရပါက သင်ကြားပေးနိုင်ရန် စီစဉ်နေကြောင်း ကရင်ပြည်နယ် ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း ထံမှသိရှိရသည်။
13-Dec-2020
မုံရွာမြို့ခံ သတင်းထောက်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရခြင်း လေးနှစ်ပြည့်ပြီဖြစ်ရာ အမှုမှန်ဖော်ထုတ်ပေးရန် စစ်ကိုင်းတိုင်း သတင်းသမားများကွန်ရက်က မုံရွာမြို့တော်ခန်းမရှေ့ ၌ ဒီဇင်ဘာ ၁၃ ရက်နေ့ ကတောင်းဆိုခဲ့ကြသည်။
12-Dec-2020
တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဌာနဆိုင်ရာများဦးဆောင်ကာ ဒီဇင်ဘာ ၁၂ ရက်နေ့က Mask Campaign ပြုလုပ်ခဲ့သည်ဟု တောင်ငူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောကြားသည်။
12-Dec-2020
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကျေးရွာအချို့မှာ ရှော့ခ်တိုက်ငါးဖမ်းဆီးမှုတွေကြောင့် ကျေးရွာအချို့မှာ သောက်သုံးရေ ညစ်ညမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
12-Dec-2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်မှာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ Zone Fees ရရှိမှု တစ်နှစ်လျှင် ကျပ်သိန်း တစ်ထောင်ခန့်ရှိကြောင်း ဒေသဦးစီးထံမှ သိရသည်။