24-Dec-2020
မိတ္ထီလာမြို့၊ ပြည်သာယာ (မြောက်) ရပ်ကွက်ရှိ Lockdown ချထားသောနေရာမှ သေဆုံးခဲ့သောအမျိုးသားကို ပြည်သူ့ဆေးရုံတွင်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရကြောင်း ဒီဇင်ဘာလ ၂၃ ရက်နေ့နံနက်ပိုင်းက အဖြေသိရသဖြင့် ၎င်း၏ မိသားစုဝင်လေးဦးကို ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ရာတွင် ရောဂါပိုးကူးစက်မှု မရှိသေးကြောင်း မိတ္ထီလာမြို့ခံလူမှုကူညီရေးအဖွဲ့အစည်းများထံမှ စုံစမ်း သိရှိရသည်။